ဝုဗ္အသင္းနဲ႔အတူ လက္ရွိေဘာလုံးရာသီမွာ ေတာက္ပေနတဲ့ ညာေတာင္ပံကစားသမား ထရာအိုေရးကေတာ့ စပိန္ထိပ္သီးကလပ္ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကသာ သူ႔ကို ကမ္းလွမ္းခဲ့ပါက သူဟာ ခ်က္ခ်င္းပဲ ရီးရဲလ္ကို ေျပာင္းေရႊ႕မွာျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Express.com

ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ၊ မန္စီးတီးအသင္းတို႔နဲ႔ပြဲစဥ္ေတြမွာ ေျခစြမ္းျပနိုင္ခဲ့တာေၾကာင့္ လက္ရွိအခ်ိန္မွာ စပါးအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔က ထရာအိုေရးကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာၾကၿပီး စပိန္သတင္းစာတခ်ိဳ႕ရဲ့ ေဖာ္ျပမွုအရ ရီးရဲလ္မက္ဒရစ္အသင္းဟာလည္း ထရာအိုေရးကို ေစာင့္ၾကည့္လာတယ္လို႔ သိရပါတယ္။

Photo Credit: Express.com

အဆိုပါသတင္းေတြနဲ႔ ပတ္သတ္ၿပီး ထရာအိုေရးကို ေမးျမန္းရာမွာေတာ့ ထရာအိုေရးက ” လက္ရွိမွာေတာ့ ကၽြန္ေတာ့္ဆီကို ဘာကမ္းလွမ္းမွုမွ မရေသးပါဘူး။ ဘာစီလိုနာက ကၽြန္ေတာ့္ကို ျပဳစုပ်ိဳးေထာင္ေပးခဲ့တာကို သိပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းကို ကၽြန္ေတာ္သြားဖို႔ အခြင့္အေရးမရွိတဲ့အခ်ိန္ ရီးရဲလ္မက္ဒရစ္က လာၿပီး ကမ္းလွမ္းရင္ေတာ့ ကၽြန္ေတာ္ဟာ ရီးရဲလ္မက္ဒရစ္ကို ေရြးခ်ယ္သြားမွာပါ ” လို႔ ေျပာသြားခဲ့တာပါ။

Photo Credit: Express.com

ထရာအိုေရးကို ေခၚယူဖို႔အတြက္ လက္ရွိမွာ ေရပန္းအစားဆုံးကေတာ့ လ်င္ျမန္တဲ့ ကစားသမားေတြကို သေဘာက်တဲ့ ေမာ္ရင္ဟိုရဲ့ စပါးအသင္းျဖစ္ၿပီး ေမာ္ရင္ဟိုဟာ အဲရစ္ဆင္ထြက္ခြာသြားပါက ထရာအိုေရးကို အစားထိုးေခၚယူဖို႔ စဥ္းစားေနတာပါ။ လက္ရွိမွာေတာ့ ဝုဗ္အသင္းက ထရာအိုေရးကို အသင္းရဲ့ အဓိက ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ထားေပမယ့္ ေပါင္၄၀သန္းခန႔္ ရရွိရင္ေတာ့ ေရာင္းခ်နိုင္ေခ်ရွိပါတယ္။

ဝုဗ်အသင်းနဲ့အတူ လက်ရှိဘောလုံးရာသီမှာ တောက်ပနေတဲ့ ညာတောင်ပံကစားသမား ထရာအိုရေးကတော့ စပိန်ထိပ်သီးကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကသာ သူ့ကို ကမ်းလှမ်းခဲ့ပါက သူဟာ ချက်ချင်းပဲ ရီးရဲလ်ကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

တော့တင်ဟမ်ဟော့စပါးအသင်း ၊ မန်စီးတီးအသင်းတို့နဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ စပါးအသင်းနဲ့ လီဗာပူးလ်အသင်းတို့က ထရာအိုရေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာကြပြီး စပိန်သတင်းစာတချို့ရဲ့ ဖော်ပြမှုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာလည်း ထရာအိုရေးကို စောင့်ကြည့်လာတယ်လို့ သိရပါတယ်။

Photo Credit: Express.com

 

အဆိုပါသတင်းတွေနဲ့ ပတ်သတ်ပြီး ထရာအိုရေးကို မေးမြန်းရာမှာတော့ ထရာအိုရေးက ” လက်ရှိမှာတော့ ကျွန်တော့်ဆီကို ဘာကမ်းလှမ်းမှုမှ မရသေးပါဘူး။ ဘာစီလိုနာက ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့တာကို သိပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းကို ကျွန်တော်သွားဖို့ အခွင့်အရေးမရှိတဲ့အချိန် ရီးရဲလ်မက်ဒရစ်က လာပြီး ကမ်းလှမ်းရင်တော့ ကျွန်တော်ဟာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားမှာပါ ” လို့ ပြောသွားခဲ့တာပါ။

Photo Credit: Express.com

ထရာအိုရေးကို ခေါ်ယူဖို့အတွက် လက်ရှိမှာ ရေပန်းအစားဆုံးကတော့ လျင်မြန်တဲ့ ကစားသမားတွေကို သဘောကျတဲ့ မော်ရင်ဟိုရဲ့ စပါးအသင်းဖြစ်ပြီး မော်ရင်ဟိုဟာ အဲရစ်ဆင်ထွက်ခွာသွားပါက ထရာအိုရေးကို အစားထိုးခေါ်ယူဖို့ စဉ်းစားနေတာပါ။ လက်ရှိမှာတော့ ဝုဗ်အသင်းက ထရာအိုရေးကို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပေမယ့် ပေါင်၄၀သန်းခန့် ရရှိရင်တော့ ရောင်းချနိုင်ချေရှိပါတယ်။