Photo Credit: Goal
Photo Credit: Goal
{Unicode}
နယူးကာဆယ် နောက်ခံ ကစားသမား ဂျက်ထရို ဝီလီယံက ဝုဗ်လ် တောင်ပံကစားသမား ဖြစ်သူ ထရာအိုရေးဟာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုထက် လျှင်မြန်တယ်လို့ ပြောသွားခဲ့ပါတယ်။ နယူးကာဆယ် နောက်ခံလူ ဝီလီယံကတော့ နယ်သာလန်နောက်ခံကစားသမား ဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့ ကစားခဲ့တဲ့ ယူရို (၂၀၁၂) မှာ ရော်နယ်ဒိုနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Goal
နောက်ခံလူ ဝီလီယံဟာ ကလပ်အသင်းအတွက် ကစားတဲ့ ပွဲစဉ်မှာ ထရာအိုရေးနဲ့ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံအသင်းအတွက် ကစားတဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားရတာ ဖြစ်ပါတယ်။ နောက်ခံလူ ဝီလီယံဟာ နယူးကာဆယ်အသင်းနဲ့ (၁-၁) သရေ ကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီး ထရာအိုရေးက ရော်နယ်ဒိုထက် လျှင်မြန်တယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: Goal
Northern Echo သတင်းမှာ ဝီလီယံစ်က “ကျွန်တော် ကစားသမားဘဝမှာ ကစားသမားကောင်းများစွာကို ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထရာအိုရေးလောက် ဘယ်သူမှ မပြန်ကြပါဘူး။ သူက ဘောလုံးလောကမှာ အလျှင်မြန်ဆုံး ကစားသမားလို့ လူသိများပြီး အခု ဒါက မြန်နေပါပြီ။ ကျွန်တော် ရော်နယ်ဒိုနဲ့ ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ သူက မြန်တယ်။ ဒါပေမဲ့ အဲလောက်တော့ မမြန်ပါဘူး။ သေချာတာ တစ်ခုကတော့ သူက အလွန် ထူးချွန်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။