ဝုဗ်လ် တောင်ပံ ကစားသမား ထရာအိုရေးကတော့ ရဲရင့်တဲ့ ပြေဆိုမှုကို ပြုလုပ်ခဲ့ပြီး မန်စီးတီး တောင်ပံ ကစားသမား စတာလင်က သူနဲ့ တူပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ထရာအိုရေးဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့က ဝုဗ်လ်အသင်းကို ပေါင် (၁၈) သန်း ဝန်းကျင်နဲ့ ပြောင်းရွေ့လာခဲ့ပြီး လိဂ်ပွဲစဉ်ပေါင်း (၅၇) ပွဲ ကစားပြီးပြီ ဖြစ်ပါတယ်။ သူဟာ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ပွဲ ကစားထားရာမှာ သွင်းဂိုး (၄) ဂိုး သွင်းယူထားပြီး ပြိုင်ပွဲစုံ (၄၃) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၆) ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ထရာအိုရေးအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ပွဲ ကစားထားရာမှာ သွင်းဂိုး (၄) ဂိုး နဲ့ ပြိုင်ပွဲစုံ (၄၃) ပွဲ ကစားထားရာမှာ သွင်းဂိုး (၆) ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ စတာလင်ကိုတော့ မမှီနိုင်ခဲ့ပါဘူး။ စတာလင်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၁) ဂိုး နဲ့ ပြိုင်ပွဲစုံ (၃၉) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂၀) ဂိုးအထိ သွင်းယူခဲ့ပြီး ခြေစွမ်းအသာရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထရာအိုရေးကတော့ ဝုဗ်လ် ဝက်ဆိုဒ်နဲ့ အမေးအဖြေ ပြုလုပ်တဲ့ အချိန်မှာ သူက စတာလင်နဲ့ မတူဘဲ စတာလင်က သူနဲ့ တူပါတယ်လို့ ရဲဝံ့စွာ ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ထရာအိုရေးဟာ သူနဲ့ အတူဆုံး ကစားသမားတွေကို ရွေးချယ်ပါလို့ ဝုဗ်လ်အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်က မေးတဲ့ အချိန်မှာ သူက “ဇာဟာ နဲ့ စတာလင် ဖြစ်ကောင်း ဖြစ်မှာပါ။ ဒါပေမဲ့လည်း ကျွန်တော်က သူတို့နဲ့ တူတာ မဟုတ်ဘဲ သူတို့က ကျွန်တော်နဲ့ ပိုတူတာပါ”လို့ ပြောခဲ့ပါတယ်။ Goal သတင်းကတော့ ထရာအိုရေးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သက်သေပြနိုင်ဖို့ ရုန်းကန်နေရပြီး အခုလို ပြောတာက အလွန် ရဲရင့်တဲ့ ကြွေးကြော်မှု ဖြစ်တယ်လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ ထရာအိုရေးဟာ ဘာစီလိုနာ အကယ်ဒမီ “လာမာစီယာ” ထွက် တစ်ဦး ဖြစ်ပြီး တစ်ခါတစ်လေ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။