ေဒါ့မြန္အသင္းဟာ ကာလရွည္ၾကာ သတင္းေတြထြက္ေပၚခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းရဲ့ ကြင္းလယ္လူ အမ္မရီခ်န္ကို အငွားနဲ႔ေခၚယူနိုင္ခဲ့ပါၿပီ။ ေဒါ့မြန္အသင္းဟာ အဆိုပါအငွားစာခ်ဳပ္ ၿပီးဆုံးရင္ အမ္မရီခ်န္ကို ယူရို၂၅သန္းနဲ႔ ေခၚယူနိုင္မယ္လို႔လည္း သိထားရပါတယ္။

ယူနိုက္တက္အသင္းဟာ ရွန္ဟိုင္းရွင္ဟြာအသင္းမွာ ကစားေနတဲ့ တိုက္စစ္မွူး အစ္ဟာလို ကို အငွားနဲ႔ေခၚယူဖို႔အတြက္ သေဘာတူညီမွု ရရွိခဲ့ၿပီလို႔ သိရပါတယ္။ သတင္းေတြအရ ရွန္ဟိုင္းရွင္ဟြာအသင္းဟာ အစ္ဟာလိုကို ရာသီဝက္ အငွားခ်တဲ့အတြက္ ယူနိုက္တက္ဆီကေန ေပါင္ ၃သန္း ရရွိမယ္လို႔လဲ သိထားရပါတယ္။

Photo Credit: Talksport.com

ဘာစီလိုနာအသင္းဟာ ဘရာဇီးလ္ကလပ္ ပါးမီးယပ္စ္အသင္းရဲ့ ကြင္းလယ္လူ မာသီးယပ္ ဖာနန္ဒက္စ္ကို ေျပာင္းေရႊ႕ေၾကး ယူရို ၁၀သန္းနဲ႔ ေခၚယူနိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဖာနန္ဒက္ ဟာ ဘာစီလိုနာအသင္းထံကို ဇူလိုင္လမွသာ ေရာက္ရွိလာမယ္လို႔ သိရပါတယ္။

ခရစၥတယ္ပဲေလ့စ္အသင္းရဲ့ တိုက္စစ္မွူး ေကာ္နာဝစ္ဟမ္းဟာ ခ်န္ပီယံရွစ္ကလပ္ ရွက္ဖီးလ္ဝမ့္နမ့္စေဒးအသင္းထံကို ရာသီဝက္ အငွားနဲ႔ ေျပာင္းေရႊ႕သြားခဲ့ပါၿပီ။

Photo Credit: Talksport.com

လက္စတာစီးတီးအသင္းဟာ ဝုဗ္အသင္းရဲ့ ေနာက္ခံလူ ရိုင္ယန္ဘန္းနက္ကို ရာသီဝက္ အငွားနဲ႔ေခၚယူနိုင္ခဲ့ၿပီး ရာသီကုန္ပါက ေပါင္ ၅ သန္းနဲ႔ ဝယ္ယူနိုင္တဲ့အခ်က္လည္း ပါဝင္တယ္ လို႔ သိထားရပါတယ္။

ရွက္ဖီးလ္ယူနိုက္တက္အသင္း ကြင္းလယ္လူ ဒက္ဖီလ္ဟာ နယ္သာလန္ကလပ္ ဒန္ဟန္းအသင္းထံကို ရာသီဝက္အငွားနဲ႔ ေျပာင္းေရႊ႕သြားခဲ့ၿပီလည္း ျဖစ္ပါတယ္။ နယူးကာဆယ္အသင္းရဲ့ နည္းျပေဟာင္း အလန္ပါဂ်ဴးဟာ ဒန္ဟန္အသင္းကို ကိုင္တြယ္ေနတာလဲ ျဖစ္ပါတယ္။

Photo Credit: Talksport.com

ခ်ယ္လ္ဆီးအသင္းရဲ့ လူငယ္ကစားသမား လမ့္ပ္ေတးဟာ ဘရိုက္တန္အသင္းထံကို ေပါင္ ၄သန္းဝန္းက်င္ တန္ေၾကးရွိတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔အတူ ေျပာင္းေရႊ႕သြားၿပီလို႔ သိရပါတယ္။

ဒေါ့မွန်အသင်းဟာ ကာလရှည်ကြာ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ အမ်မရီချန်ကို အငှားနဲ့ခေါ်ယူနိုင်ခဲ့ပါပြီ။ ဒေါ့မွန်အသင်းဟာ အဆိုပါအငှားစာချုပ် ပြီးဆုံးရင် အမ်မရီချန်ကို ယူရို၂၅သန်းနဲ့ ခေါ်ယူနိုင်မယ်လို့လည်း သိထားရပါတယ်။

ယူနိုက်တက်အသင်းဟာ ရှန်ဟိုင်းရှင်ဟွာအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး အစ်ဟာလို ကို အငှားနဲ့ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ သတင်းတွေအရ ရှန်ဟိုင်းရှင်ဟွာအသင်းဟာ အစ်ဟာလိုကို ရာသီဝက် အငှားချတဲ့အတွက် ယူနိုက်တက်ဆီကနေ ပေါင် ၃သန်း ရရှိမယ်လို့လဲ သိထားရပါတယ်။

Photo Credit: Talksport.com

ဘာစီလိုနာအသင်းဟာ ဘရာဇီးလ်ကလပ် ပါးမီးယပ်စ်အသင်းရဲ့ ကွင်းလယ်လူ မာသီးယပ် ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖာနန်ဒက် ဟာ ဘာစီလိုနာအသင်းထံကို ဇူလိုင်လမှသာ ရောက်ရှိလာမယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တိုက်စစ်မှူး ကော်နာဝစ်ဟမ်းဟာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ဝမ့်နမ့်စဒေးအသင်းထံကို ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။

Photo Credit: Talksport.com

လက်စတာစီးတီးအသင်းဟာ ဝုဗ်အသင်းရဲ့ နောက်ခံလူ ရိုင်ယန်ဘန်းနက်ကို ရာသီဝက် အငှားနဲ့ခေါ်ယူနိုင်ခဲ့ပြီး ရာသီကုန်ပါက ပေါင် ၅ သန်းနဲ့ ဝယ်ယူနိုင်တဲ့အချက်လည်း ပါဝင်တယ် လို့ သိထားရပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်အသင်း ကွင်းလယ်လူ ဒက်ဖီလ်ဟာ နယ်သာလန်ကလပ် ဒန်ဟန်းအသင်းထံကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ နည်းပြဟောင်း အလန်ပါဂျူးဟာ ဒန်ဟန်အသင်းကို ကိုင်တွယ်နေတာလဲ ဖြစ်ပါတယ်။

Photo Credit: Talksport.com

ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမား လမ့်ပ်တေးဟာ ဘရိုက်တန်အသင်းထံကို ပေါင် ၄သန်းဝန်းကျင် တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့အတူ ပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။