ဂျူဗင်တပ်အသင်းရဲ့ အသက် ၃၀အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမား ဒေါက်ဂလပ် ကော်စတာဟာ ဘိုင်ယန်မြူးနစ် အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားတော့မယ်လို့ သိရပါတယ်။ ဒါပေမယ့် ကော်စတာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ သဘောတူညီမှုထဲမှာ အငှားစာချုပ် ပြည့်ပါက အပြီးသတ် ခေါ်ယူခွင့် မပါဝင်ဘူး လို့ သိရှိရပါတယ်။

 

ဘိုင်ယန်မြူးနစ် အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမား ခရူးဆန့်ဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြင်သစ်ကလပ် မာဆေးလ်အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားတော့မှာပဲ ဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ ခရူးဆန့်ကို ရာသီကုန်မှာ အပြီးသတ် ဝယ်ယူနိုင်ခွင့်ကိုလည်း သဘောတူညီမှုမှာ ထည့်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Goal

 

ရိုးမားအသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ အယ်ရှာရာဝီလ်ဟာ အသင်းဟောင်း ရိုးမားထံ ပြန်လည် ရောက်ရှိတော့မယ် လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြ သွားခဲ့ပါတယ်။ အယ်ရှာရာဝီလ်ဟာ ရိုးမားအသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ ကစားမှာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဥရုဂွေးကလပ် ပီနာရိုးလ်အသင်းရဲ့ လူငယ် ညာတောင်ပံ ကစားသမား တစ်ဦး ဖြစ်တဲ့ ပယ်ရီစရီကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသလို ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့သလို ပယ်လီစရီကို ပီနာရိုးလ်အသင်းထံ တစ်ရာသီအငှား စေလွှတ်မှာ မဟုတ်ပဲ အသင်းထံသာ တစ်ခါထဲ ခေါ်ယူဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာထားတဲ့ တိုက်စစ်မှူး ချူပိုမော်တင်ဟာ လက်ရှိ အချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဆီ ရောက်ရှိဖို့ အတွက် နီးစပ်နေပြီ လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ချူပိုမော်တင်ကို ၂နှစ် စာချုပ်နဲ့ ကမ်းလှမ်းထားတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အသက် ၃၃နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီကို တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ နဲ့ တစ်နှစ်စာချုပ် + ရာသီကုန်မှာ နောက်ထပ်တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ ကာဗာနီဟာ မန်ယူအသင်းမှာ ဘာ ကျောနံပါတ်ကို ဝတ်ဆင်သွားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Photo Credit: Goal