အက်အေဖလား တတိယအဆင့်ပွဲစဉ်တွေက ဇန်နဝါရီလအစမှာပဲ ကျင်းပခဲ့တာဖြစ်ပြီး သရေကျခဲ့တဲ့ပွဲတွေကိုတော့ ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ပြန်လည်ကစားစေခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထရမ်းမဲလ်အသင်းနဲ့ ဝက်ဖိုဒ့်အသင်းတို့ရဲ့ပြန်ကန်ပွဲကတော့ ဒီနေ့ညမှာ ကစားဖြစ်ခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကာ အိမ်ရှင်အသင်းက အချိန်ပိုမှာ ၂ဂိုး၁ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။

Photo Credit : Getty Images

ဝက်ဖိုဒ့်အသင်းက ဒီနောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ တောက်လျှောက်ပြန်လည်ကောင်းမွန်နေပြီး တန်းဆင်းဇုန်၃သင်းထဲကနေ လွတ်မြောက်လာခဲ့ပေမယ့်လည်း အမှတ်တွေကပ်နေသေးတာဖြစ်တဲ့အပြင် အက်အေဖလားထက် တန်းမဆင်းရရေးကိုသာ အာရုံစိုက်သင့်တာဖြစ်လို့ ဒီပြန်ကန်ပွဲမှာ အဓိက ကစားသမားပေါင်းများစွာကို ချန်လှပ်ခဲ့ပြီး လူငယ်တွေ အရန်ကစားသမားတွေနဲ့သာ ထရမ်းမဲလ်အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အိမ်ကွင်းမှာ ပြန်ကစားခဲ့ရတဲ့ အိမ်ရှင်ထရမ်းမဲလ်အတွက် အခွင့်အရေးတွေ ပိုရခဲ့ပြီး ပထမပိုင်းအတွင်း တစ်လုံးတည်းသော ဂိုးပေါက်တည့်ကန်ချက်ကနေ နောက်ခံလူ မွန်သာက ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၆၈မိနစ်မှာ ဝက်ဖိုဒ့်အသင်းက လူစားဝင် လူငယ်ကစားသမား ဟိုင်းစ်ရဲ့သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ကာ ၁ဂိုးစီ သရေကျခဲ့လို့ ၂ကျော့ပေါင်းရလဒ်အရ ၄ဂိုးစီသရေဖြစ်နေသေးတာမို့ အချိန်ပိုဆက်ကစားရပြီး အိမ်ရှင်က အချိန်ပိုမှာ ပွဲသိမ်းအနိုင်ဂိုးရလို့ နောက်တစ်ဆင့်တတ်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီပြန်ကန်ပွဲကနေ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရခဲ့တဲ့ ထရမ်းမဲလ်အသင်းကတော့ အက်အေဖလား စတုတ္ထအဆင့်မှာတော့ နာမည်ကြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းမှာပဲ ဆက်လက်ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲကိုတော့ တနင်္ဂနွေနေ့ ည၉နာရီခွဲအချိန်မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ကလည်း တတိယအဆင့်မှာ ထရမ်းမဲလ်လိုပဲ ပြန်ကန်ပွဲကစားပြီးမှ ဒီတစ်ဆင့်ကို တတ်လာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ရလဒ်တွေဆိုးနေတာဖြစ်လို့ ထရမ်းမဲလ်တို့ ယူနိုက်တက်ကိုပါ ဖြတ်ကျော်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

(Zawgyi)

ဝက္ဖုိဒ့္ကုိ အႏုိင္ယူေက်ာ္ျဖတ္ၿပီး FA မွာ ယူႏုိက္တက္နဲ႔ ဆုံေတြ႕ရမယ့္ ထရမ္းမဲလ္

အက္ေအဖလား တတိယအဆင့္ပြဲစဥ္ေတြက ဇန္နဝါရီလအစမွာပဲ က်င္းပခဲ႔တာျဖစ္ၿပီး သေရက်ခဲ႔တဲ႔ပြဲေတြကုိေတာ့ ၿပီးခဲ႔တဲ႔တစ္ပတ္မွာပဲ ျပန္လည္ကစားေစခဲ့ပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထရမ္းမဲလ္အသင္းနဲ႔ ဝက္ဖုိဒ့္အသင္းတုိ႔ရဲ႕ျပန္ကန္ပြဲကေတာ့ ဒီေန႔ညမွာ ကစားျဖစ္ခဲ႔ၿပီး အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ႔ကာ အိမ္ရွင္အသင္းက အခ်ိန္ပုိမွာ ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ယူေက်ာ္ျဖတ္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဝက္ဖုိဒ့္အသင္းက ဒီေနာက္ပုိင္းပြဲေတြမွာ ရလဒ္ေတြ ေတာက္ေလွ်ာက္ျပန္လည္ေကာင္းမြန္ေနၿပီး တန္းဆင္းဇုန္၃သင္းထဲကေန လြတ္ေျမာက္လာခဲ႔ေပမယ့္လည္း အမွတ္ေတြကပ္ေနေသးတာျဖစ္တဲ႔အျပင္ အက္ေအဖလားထက္ တန္းမဆင္းရေရးကုိသာ အာရုံစုိက္သင့္တာျဖစ္လုိ႔ ဒီျပန္ကန္ပြဲမွာ အဓိက ကစားသမားေပါင္းမ်ားစြာကို ခ်န္လွပ္ခဲ႔ၿပီး လူငယ္ေတြ အရန္ကစားသမားေတြနဲ႔သာ ထရမ္းမဲလ္အသင္းကုိ ရင္ဆုိင္လာခဲ႔ပါတယ္။ ဒါေၾကာင့္လည္း အိမ္ကြင္းမွာ ျပန္ကစားခဲ႔ရတဲ႔ အိမ္ရွင္ထရမ္းမဲလ္အတြက္ အခြင့္အေရးေတြ ပုိရခဲ႔ၿပီး ပထမပုိင္းအတြင္း တစ္လုံးတည္းေသာ ဂုိးေပါက္တည့္ကန္ခ်က္ကေန ေနာက္ခံလူ မြန္သာက ဦးေဆာင္ဂုိးကုိ သြင္းယူႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ဒုတိယပုိင္း ၆၈မိနစ္မွာ ဝက္ဖုိဒ့္အသင္းက လူစားဝင္ လူငယ္ကစားသမား ဟုိင္းစ္ရဲ႕သြင္းဂုိးနဲ႔ ျပန္လည္ေခ်ပႏုိင္ခဲ႔ကာ ၁ဂုိးစီ သေရက်ခဲ႔လုိ႔ ၂ေက်ာ့ေပါင္းရလဒ္အရ ၄ဂုိးစီသေရျဖစ္ေနေသးတာမုိ႔ အခ်ိန္ပုိဆက္ကစားရၿပီး အိမ္ရွင္က အခ်ိန္ပုိမွာ ပြဲသိမ္းအႏုိင္ဂုိးရလုိ႔ ေနာက္တစ္ဆင့္တတ္လွမ္းႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီျပန္ကန္ပြဲကေန ေနာက္တစ္ဆင့္ကုိ တတ္လွမ္းခြင့္ရခဲ့တဲ႔ ထရမ္းမဲလ္အသင္းကေတာ့ အက္ေအဖလား စတုတၳအဆင့္မွာေတာ့ နာမည္ႀကီး မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ အိမ္ကြင္းမွာပဲ ဆက္လက္ရင္ဆုိင္ကစားရမွာျဖစ္ၿပီး ဒီပြဲကုိေတာ့ တနဂၤေႏြေန႔ ည၉နာရီခြဲအခ်ိန္မွာ က်င္းပမယ္လုိ႔ သိရွိရပါတယ္။ ယူႏုိက္တက္ကလည္း တတိယအဆင့္မွာ ထရမ္းမဲလ္လုိပဲ ျပန္ကန္ပြဲကစားၿပီးမွ ဒီတစ္ဆင့္ကုိ တတ္လာခဲ႔တာျဖစ္ၿပီး လက္ရွိမွာလည္း ရလဒ္ေတြဆုိးေနတာျဖစ္လုိ႔ ထရမ္းမဲလ္တုိ႔ ယူနုိက္တက္ကုိပါ ျဖတ္ေက်ာ္ႏုိင္ဦးမလားဆုိတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။