လီဗာပူးလ် နောက်ခံ ကစားသမားဟောင်း ကိုလိုတိုရေးကတော့ လီဗာပူးလ်အသင်းရဲ့ လက်ရှိ ဗဟိုခံစစ်မှူး ဗန်ဒိုက်က အဖက်ဖက်က ပြည့်စုံနေပြီ ဖြစ်ပေမယ့်လည်း အားနည်းချက် တစ်ခုရှိပြီး တစ်ဦးချင်း ထိပ်တိုက်တွေ့မယ် ဆိုရင် သူ ဒုက္ခရောက်နိုင်တယ်လို့ ပြောသွားတာပဲ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွှေးစင် ကစားသမား ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်က ဇန်နဝါရီလမှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၇၅) နဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး အဲဒီအချိန်က ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ ကစားသမား အဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ရောက်လာခဲ့စဉ်ကတည်းက အသင်းအတွက် နောက်တန်းမှာ အဓိက ကစားသမား ဖြစ်လာခဲ့ပြီး လက်ရှိရာသီမှာတော့ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တစ်ယောက် ဖြစ်ပေမယ့် လီဗာပူးလ်အသင်းရဲ့ ဗဟိုခံစစ်မှူးဟောင်း ဖြစ်သူ ကိုလိုတိုရေးကတော့ နောက်ခံလူ ဗန်ဒိုက်အနေနဲ့ တစ်ဦးချင်း ထိပ်တိုက်တွေ့တဲ့ အချိန်မှာ ဒုက္ခရောက်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Stats Perform News မှာ ကိုလိုတိုရေးက “ဗန်ဒိုက်က မယုံနိုင်စရာ ကောင်းတဲ့ သူပါ။ သူက ထိပ်သီး ကစားသမားပါ။ သူက မြန်တယ်။ မြင့်တယ်။ ခုန်နိုင်တယ်။ သူ့မှာ နည်းပညာရှိတယ်။ သူက အဝေးပေးပို့မှုတွေနဲ့ ပွဲစဉ်ကို ပြောင်းလဲနိုင်ပါတယ်။ သူမှာ ဘာမဆို အားလုံး ရှိနေတယ်။ ကစားသမား များစွာက သူ့ကို တစ်ဦးချင်း ထိပ်တိုက် တွေ့ဆုံတာ ကျွန်တော် မတွေ့ရပါဘူး။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒီဟာက သူ့ရဲ့ အားနည်းချက်ပါ။ သူက တကယ် အရပ်ရှည်ပြီး တကယ်လို့ ဘောလုံးနဲ့ သူ့ကို ထိပ်တိုက်တွေ့ဖို့ ကြိုးစားမယ် ဆိုရင် သူ ရုန်းကန်ရပါလိမ့်မယ်။ ဒါပေမဲ့ သူက ပါးနားတယ်။ သူ သိပ် ပါးနားတယ်။ ဘာလို့လဲဆိုရင် သူက ကောင်းစွာ ကစားနိုင်တယ်။ ဒါပေမယ့် သူ့ကို တစ်ဦးချင်း ထိပ်တိုက် ရင်ဆိုင်မယ် ဆိုရင် သူ့ဆီက တစ်ခုခု ရရှိနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက တကယ် ပါးနပ်တဲ့ ကစားသမားပါ”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။