လက်ရှိမှာ ရလဒ်ပိုင်း တည်ငြိမ်မှုတွေ နည်းပါးလို့နေတဲ့ စပါးအသင်းဟာ မနေ့ကပဲ သူတို့အသင်းရဲ့ပစ်မှတ်ဖြစ်လို့နေတဲ့ ဘင်ဖီကာအသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး ဂတ်စ်ဆင်ဖာနန်ဒက်စ်ကို ၁၈လတာ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး အငှားသက်တမ်းပြည့်ချိန်မှာ ပေါင်၄၅သန်းနဲ့ အပြီးသတ်ခေါ်ယူမှာဖြစ်တယ်လို့ သိရှိရပါတယ်။ အခုလည်း စပါးအသင်းဟာ ဆောင်းရာသီဈေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့နောက်ထပ်လိုအပ်ချက်တစ်ခုဖြစ်နေတဲ့ တိုက်စစ်ပိုင်းအတွက် ပေါ်တိုအသင်းရဲ့တိုက်စစ်မှူး ဇီးလူးဝစ်ကို ခေါ်ယူသွားဖို့ရှိနေတယ်လို့ သိရှိရပါတယ်။




အသက်၂၈နှစ်အရွှယ်ရှိ ကိတ်ဗာဒီလက်ရွေးစင်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လကမှ စပါတက်ခ်မော်စကိုအသင်းကနေ ပေါ်တိုဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပေါ်တိုအသင်းအတွက် ပြိုင်ပွဲစုံ၁၈ပွဲကစားထားကာ ၈ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ပေါ်တူဂီဘောလုံးနယ်ပယ်မှာ စတင်ကျင်လည်ခဲ့ရတဲ့ ဇီးလူးဝစ်ဟာ မော်ရင်ဟိုရဲ့အသင်းဟောင်းဖြစ်တဲ့ ပေါ်တိုအသင်းမှာ အဓိကတိုက်စစ်ကစားသမားအဖြစ် ပါဝင်ကစားရင်း စပါးအသင်းရဲ့စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်လာရတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်းလာနေ့ကမှ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အလုပ်ပါမစ်ကျဖို့နဲ့ အခြားသော စာရွှက်စာတမ်းကိစ္စတွေ အပြီးသတ်လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် အခုဆောင်းဈေးကွက်မှာ ဇူးလူးဝစ်ကို ခေါ်ယူနိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စပါးနည်းပြ မော်ရင်ဟိုဟာ ပေါ်တူဂီနာမည်ကျော် စူပါအေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်နဲ့ လက်တွဲလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သူရောက်လေရာအသင်းတိုင်း ပေါ်တူဂီက ကစားသမား (ပေါ်တူဂီလိဂ်မှာ ကစားနေတဲ့ ကစားသမား)တွေကို ခေါ်ယူတတ်လေ့ရှိလို့ ဇူးလူးဝစ်ကိုရော ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

(Unicode)

နောက်ထပ် ပေါ်တူဂီလိဂ်က ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူသွားဖွယ်ရှိနေတဲဲ့ စပါး

လက်ရှိမှာ ရလဒ်ပိုင်း တည်ငြိမ်မှုတွေ နည်းပါးလို့နေတဲဲ့ စပါးအသင်းဟာ မနေ့ကပဲ သူတုုိ့အသင်းရဲ့ပစ်မှတ်ဖြစ်လို့နေတဲ့ ဘင်ဖီကာအသင်းရဲဲ့လူငယ်ကွင်းလယ်ကစားသမားလေး ဂတ်စ်ဆင်ဖာနန်ဒက်စ်ကို ၁၈လတာ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး အငှားသက်တမ်းပြည့်ချိန်မှာ ပေါင်၄၅သန်းနဲ့ အပြီးသတ်ခေါ်ယူမှာဖြစ်တယ်လို့ သိရှိရပါတယ်။ အခုလည်း စပါးအသင်းဟာ ဆောင်းရာသီစျေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့နောက်ထပ်လုုိအပ်ချက်တစ်ခုဖြစ်နေတဲ့ တိုက်စစ်ပိုင်းအတွက် ပေါ်တိုအသင်းရဲဲ့တိုက်စစ်မှူး ဇီးလူးဝစ်ကို ခေါ်ယူသွားဖို့ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

စပါးအသင်းဟာ မကြာသေးခင်ကမှ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဟာရီကိန်း ဒဏ်ရာရရှိသွားခဲ့လို့ တိုက်စစ်ပိုင်းအတွက် ကစားသမားအင်အားဖြည့်တင်းဖို့ စီစဉ်လာခဲ့ရပြီး အေစီမီလန်အသင်းရဲ့တိုက်စစ်ကစားသမား ပီယွန်တက်ခ် ပီအက်စ်ဂျီတိုက်စစ်မှူးကြီး ကာဗာနီနဲ့ နာပိုလီအသင်းရဲ့တိုက်စစ်မှူးလည်းဖြစ် စပါးအသင်းသားဟောင်းလည်းဖြစ်တဲ့ လော်ရန်တေးနဲ့ပါ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမယ့်လည်း တစ်ယောက်ကိုမှ မခေါ်ယူနိုင်သေးလို့ အခုအခါမှာ ပေါ်တိုအသင်းရဲ့တိုက်စစ်ကစားသမား ဇီးလူးဝစ်ကို ပြောင်းလဲပစ်မှတ်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

အသက်၂၈နှစ်အရွှယ်ရှိ ကိတ်ဗာဒီလက်ရွေးစင်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်ပြီးတော့ ပြီးခဲ့တဲဲ့ ဇူလိုင်လကမှ စပါတက်ခ်မော်စကိုအသင်းကနေ ပေါ်တိုဆီကို ရောက်ရှိလာခဲဲ့တာဖြစ်ပြီး ပေါ်တိုအသင်းအတွက် ပြိုင်ပွဲစုံ၁၈ပွဲဲကစားထားကာ ၈ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ပေါ်တူဂီဘောလုံးနယ်ပယ်မှာ စတင်ကျင်လည်ခဲ့ရတဲ့ ဇီးလူးဝစ်ဟာ မော်ရင်ဟိုရဲ့အသင်းဟောင်းဖြစ်တဲ့ ပေါ်တိုအသင်းမှာ အဓိကတိုက်စစ်ကစားသမားအဖြစ် ပါဝင်ကစားရင်း စပါးအသင်းရဲ့စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်လာရတာဖြစ်ပြီး ပြီးခဲဲ့တဲ့ တနင်းလာနေ့ကမှ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲဲ့ပေမယ့်လည်း အလုပ်ပါမစ်ကျဖို့နဲ့ အခြားသော စာရွှက်စာတမ်းကိစ္စတွေ အပြီးသတ်လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် အခုဆောင်းစျေးကွက်မှာ ဇူးလူးဝစ်ကို ခေါ်ယူနိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စပါးနည်းပြ မော်ရင်ဟိုဟာ ပေါ်တူဂီနာမည်ကျော် စူပါအေးဂျင့်ဖြစ်တဲဲ့ ဂျော့မန်ဒက်နဲ့ လက်တွဲလုပ်ကိုင်နေသူဖြစ်တဲ့အပြင် သူရောက်လေရာအသင်းတိုင်း ပေါ်တူဂီက ကစားသမား (ပေါ်တူဂီလိဂ်မှာ ကစားနေတဲဲ့ ကစားသမား)တွေကို ခေါ်ယူတတ်လေ့ရှိလို့ ဇူးလူးဝစ်ကိုရော ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။