မန်စီးတီအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ရာဟန်စတာလင်းဟာ လက်ရှိမှာ မန်စီးတီးရဲ့ ကစားသမားတစ်ယောက်ဖြစ်နေသလို အရင်တုန်းက လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်ခဲ့ပေမယ့် သူငယ်စဉ်တုန်းက အရူးအမှုးအားပေးခဲ့ရတဲ့ အကြိုက်ဆုံးအသင်း ဒီအသင်းတွေရဲ့ခါးသီးပြိုင်ဘက်အသင်းတစ်သင်းဖြစ််တဲ့ မန်ချက်စတာယူနိုက်တက်အသင်းပဲဖြစ်ပါတယ်။ အခု စတာလင်းလိုပဲ ငယ်စဉ်က ယူနိုက်တက်ကို အားပေးခဲ့သူတစ်ဦး ထပ်မံပေါ်ပေါက်လာခဲ့ပြီး သူကတော့ တန်ဂါဂါပဲဖြစ်ပါတယ်။

Photo Credit : Football.London

အသက်၂၀အရွှယ်သာရှိသေးတဲ့ လူငယ်နောက်ခံကစားသမားလေး တန်ဂါဂါဟာ စပါးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဗဟိုခံစစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ဘယ်ခြမ်းညာခြမ်းခံစစ်ပိုင်းတွေမှာ ကစားတတ်သူဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းနဲ့အတူ ပွဲဦးထွက်ခွင့်ရခဲ့သူ တန်ဂါဂါဟာ မော်ရင်ဟိုလက်အောက်မှာလည်း နေရာပေးခံလာရသူဖြစ်ပေမယ့် သူက ငယ်စဉ်တုန်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးခဲ့သူသာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ တန်ဂါဂါက “ကျွန်တော် ငယ်တုန်းကတော့ စပါးအသင်းကို အားပေးသူအဖြစ်နဲ့ ကြီးပျင်းခဲ့တာတော့ မဟုတ်ပါဘူး”

Photo Credit : Goal.com

“ကျွန်တော်ငယ်ငယ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးတဲ့ အဖေနဲ့ အတူနေထိုင်လာရတာဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ယူနိုက်တက်ပရိသတ်တစ်ယောက် ဖြစ်လာခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်စပါးနဲ့ စာချုပ်ချုပ်ဆိုပြီးနောက်မှာတော့ ကျွန်တော်ရင်ထဲကို စပါးကပဲ ဝင်ရောက်လာတယ်။ စပါးကပဲ ကျွန်တော်ရဲ့ အနှစ်သက်ဆုံး အသင်းတစ်သင်းဖြစ်လာရတယ်။ စပါးအသင်းရဲ့ပွဲတိုင်းလိုလိုကို ကြည့်ရှအားပေးဖြစ်ခဲ့ပါတယ်” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ တန်ဂါဂါက သူအနှစ်သက်ဆုံး ဘောလုံးသမားဟာ ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ နီမန်ဂျာဗီဒစ်ဖြစ်ပြီး ဗီဒစ်ကြောင့် သူရဲ့ပွဲတွေကိုကြည့်ရင်းနဲ့ နောက်ခံလူတစ်ယောက်ဖြစ်လာဖို့ စိတ်အားထက်သန်လာခဲ့တာလို့ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တန်ဂါဂါဟာ ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ၁၁ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ရပါတယ်။