ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)ကတော့ လက်ရှိအချိန်မှာ တစ်ပွဲတည်းကိုသာ ကျင်းပဖို့ ကျန်ရှိနေတော့ပြီး အဲ့ဒီတစ်ပွဲကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်ပါ။ ကမ္ဘာကျော် ဘောလုံးနည်းပြကြီးနှစ်ယောက်ဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့ ကားလို့စ်အန်စလော့တီတို့ရဲ့တွေ့ဆုံမှုုဖြစ်တဲ့ စပါးနဲ့အဲဗာတန်တို့ရဲ့ပွဲစဉ်ဖြစ်ပြီး ဒီနေ့ည(အင်္ဂါနေ့မနက်) (၁)နာရီခွဲအချိန် စပါးရဲ့အိမ်ကွင်းမှာ ကျင်းပသွားဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ရဲ့အကြောင်းကို အသေးစိတ်လေး တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

စပါးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲမှာ (၁)ပွဲပဲနိုင်ထားတဲ့အထိကို အခြေအနေဆိုးရွှားနေကာ ရှက်ဖီး နောရစ်ချ်နဲ့ ဝုလ်ဗ်တို့ကို အရေးနိမ့်ထားခဲ့ပါတယ်။ လက်ရှိမှာ အဆင့်(၁၀)နေရာကို ရောက်ရှိနေတာဖြစ်ပြီး အဆင့်(၁၀)အတွင်းမှာ ရှိနေတဲ့ အသင်းတွေထဲမှာ ဘန်လေပြီးရင် ခံစစ်အဆိုးဆံးအသင်းအဖြစ် သူတို့ရဲ့လန်ဒန်မြို့ခံအသင်း ချယ်လ်ဆီးနဲ့ ပူးတွဲရှိနေပါတယ်။ ဒီနေ့ပွဲမှာ ကွင်းလယ်လူအလီက ဒဏ်ရာပြသာနာကြောင့် ပါဝင်ကစားဖို့ မသေမချာဖြစ်နေပေမယ့် (၂)ပွဲဆက်တိုက် သွင်းဂိုးတွေပြန်ရနေတဲ့ ဟယ်ရီကိန်းရဲ့ခြေစွမ်းတွေကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

Photo Credit : Getty Image

အဲဗာတန်ကတော့ လီဗာပူးလ်ကို သရေကစားထားပြီး လက်စတာကို အနိုင်ယူထားတဲ့အထိ ခြေစွမ်းပိုင်းတွေက အားရစရာ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း(၅)ပွဲအတွင်းမှာတော့ လန်ဒန်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့အာဆင်နယ်တို့ကိုတော့ အရေးနိမ့်ထားပါတယ်။ အဲဗာတန်မှာက အဓိက ကစားသမားတွေ ဒဏ်ရာပြသာနာကင်းစင်လို့နေပေမယ့် သူတို့အသင်းရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ အားရစရာ အနေအထားမှာ ရှိမနေပါဘူး။

Photo Credit : Sky Sports

ရီးရဲလ်မက်ဒရစ်အသင်း ချယ်လ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးကြတဲ့ ကမ္ဘာကျော်နည်းပြနှစ်ယောက်ရဲ့ ဆုံတွေ့ရမယ့် ဒီပွဲစဉ်က အရမ်းကို စိတ်ဝင်စားနေရမှာ သေချာနေပြီး ဒီနှစ်သင်း ပထမအကျော့ တွေ့ဆုံခဲ့စဉ်တုန်းက ဒီနည်းပြ(၂)ယောက်လုံးက ဒီအသင်းတွေမှာ နည်းပြအဖြစ် မကိုင်တွယ်ခဲ့ရသေးပါဘူး။ ဒါကြောင့်လည်း အခုတကြိမ် တွေ့ဆုံမှုက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေမှာပါ။ ပထမအကျော့တုန်းက တိုဆွန်ရဲ့နောက်ကျချေပဂိုးနဲ့ တစ်ဖက်ကို တစ်ဂိုးစီသရေကျခဲ့သလို အခုတစ်ကြိမ်မှာလည်း စပါးအသင်းတို့ အိ်မ်ကွင်းမှာ အဲဗာတန်ကို အနိမ့်ဆုံးသရေလောက်တော့ ကန်နိုင်မှာပါ။