စပါး နည်းပြ မော်ရင်ဟိုကတော့ ကာလရှည် ဒဏ်ရာရရှိခဲ့ကြတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ တောင်ပံကစားသမား စတီဗင် ဘားဝင့်ချ် နဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်တို့ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး လေ့ကျင့်ရေး ပြန်ဆင်းနေကြပြီလို့ အခိုင်အမာ ပြောကြားသွားပါတယ်။ စပါးအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ မရပ်နားရခင် ဒဏ်ရာ ပြဿနာတွေနဲ့ လုံပန်းနေခဲ့ရပြီး တိုက်စစ်မှူး ဆွန် နဲ့ ကိန်းတို့ ဒဏ်ရာရရှိနေခဲ့ကြတာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၆) ပွဲမှ တစ်ပွဲမှ မနိုင်ဘဲ အရှုံး၊ သရေ ရလဒ်သာ ရရှိခဲ့ပါတယ်။

Photo Credit: AS.Com

တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ ဇန်နဝါရီလ အစမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲစဉ် (၁၅) ပွဲ လွဲချော်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံမှာ စစ်မှူးထမ်းပြီးသွားပြီ ဖြစ်တဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်က ဖေဖော်ဝါရီလမှာ လက်မောင်းဒဏ်ရာကြောင့် ပွဲစဉ် (၆) ပွဲ လွဲချော်ခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိရာသီကို မရပ်နားဘဲ ဆက်လက် ကစားသွားမယ်ဆိုရင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်နိုင်ချေ ရှိပေမယ့်လည်း လက်ရှိအချိန်မှာ ဟယ်ရီ ကိန်း နဲ့ ဆွန်ဟောမင်တို့ သက်သာလာပြီ ဖြစ်တာကြောင့် ရလဒ်က တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားနိုင်ချေ ရှိနေပါတယ်။

Photo Credit: AS.Com

မော်ရင်ဟိုက “အခုအခါမှာ သူတို့ ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် မပြောနိုင်ဘူး။ ဘာလို့လဲဆိုရင် သူတို့က ဒဏ်ရာကနေ ပြန်သက်သာလာချိန် ဖြစ်လို့ပါ။ အခြား တစ်ချက်က ဘာလုံး ပြန်ကစားဖို့ အဆင်သင့် ဖြစ်နေရမယ်။ ဟယ်ရီ ကိန်းနဲ့ ပက်သက်လို့ကတော့ သူဟာ ဘောလုံး မကစားနိုင်ခဲ့တာ (၅) လကြာပြီလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် သူတို့ အားလုံး ဒဏ်ရာ မရကြတော့ပါဘူး။ သူတို့ လေ့ကျင့်ရေး ပြန်ဆင်းနေပြီ။ အခုအခါဟာ လေ့ကျင့်ရေးပဲ ပြန်ဆင်းနေကြချိန် ဖြစ်လို့ပါ။ လေ့ကျင့်ရေးက အကန့်အသတ် အများကြီး ရှိတယ်။ ပြိုင်ဆိုင်မှု မရှိဘူး။ တစ်ယောက် နဲ့ တစ်ယာက် မပြိုင်ရဘူး။ အကွာအဝေး ထားရတယ်။ ပြိုင်ဆိုင်လို့ကို မရတာပါ။ ကိန်း၊ ဆွန်၊ ဘားဝင့်ချ် နဲ့ ဆစ်ဆိုကိုတို့ အားလုံး သက်သာနေပါပြီ”လို့ ဆိုပါတယ်။