စပါးအသင်းကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အမှတ်ပေးဇယားအောက်ဆုံးက နော်ဝစ်ချ်စီးတီးအသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရလိုက်လို့ ပရီးမီးယားလိဂ်၄ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကနေ လွတ်မြောက်နိုင်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်တုန်းက စပါးအသင်းဟာ ဆောက်သမ်တန် လီဗာပူးလ်နဲ့ ဝက်ဖိုဒ့်ပွဲတွေအတွင်းမှာ တိုက်စစ်က သွင်းဂိုးတစ်ဂိုးမှကို မသွင်းယူနိုင်ခဲ့ပဲ အခုနော်ဝစ်ချ်နဲ့ပွဲစဉ်အတွင်းမှသာ အလီနဲ့ဆွန်ဟောင်မင်တို့က ဂိုးတွေပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Photo Credit : AS English
အဓိကတော့ အသင်းရဲ့အမာခံတိုက်စစ်မှူး ဟာရီကိန်း ဒဏ်ရာရရှိသွားချိန်ကနေစတင်ပြီး စပါးတိုက်စစ်က ပိုအားပျော့သွားခဲ့ကာ အသင်းမှာလည်း အထောင်တိုက်စစ်မှူးနေရာကို ဝင်ရောက်ကစားနိုင်မယ့် အထောင်တိုက်စစ်ကစားသမားစစ်စစ်က နည်းပါးလွန်းနေတာကြောင့် အခုလို သွင်းဂိုးပျောက်ဆုံးမှုတွေ ဖြစ်ပေါ်လာခဲဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စပါးအသင်းက အခုဆောင်းရာသီစျေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ပစ်မှတ်တွေထဲကမှ တစ်ဦးဖြစ်တဲ့ ဆိုစီဒက်တိုက်စစ်ကစားသမား ဝီလီယံဟိုဆေးက အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ လန်ဒန်ကို ခရီးနှင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Sky Sports
နာမည်ကြီး AS သတင်းမီဒီယာရဲ့ဖော်ပြချက်အရ အသက်၂၈နှစ်အရွှယ်ရှိ ဘရာဇီးတိုက်စစ်ကစားသမား ဝီလီယံဟိုဆေးကို စပါးနည်းပြမော်ရင်ဟိုက မျက်စိကျနေခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဟာရီကိန်း ဒဏ်ရာရရှိနေချိန်မှာ တိုက်စစ်အတွက် အားဖြည့်တင်းဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဝီလီယံဟိုဆေးရဲ့လက်ရှိတန်ကြေးက ယူရိုသန်း၃၀လောက်ရှိနေတဲဲ့အပြင် စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်အထိ ရှိနေသေးသလို ဒီရာသီမှာလည်း ဆိုစီဒက်အသင်းအတွက် လာလီဂါသွင်းဂိုး၈ဂိုးအထိရအောင် သွင်းယူထားခဲ့သူဖြစ်တာကြောင့် ဟိုဆေးကို စပါးအသင်းဘက်ကနေ ဘယ်လိုကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းလာမလဲဆိုတာကတော့ သေချာထုတ်ဖော်ထားခြင်း မရှိသေးပါဘူး။ စပါးအသင်းဟာ အခုဆောင်းရာသီစျေးကွက်အတွင်းမှာ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီလူငယ်ကွင်းလယ်ကစားသမားလေး ဂတ်စ်ဆန်ဖာနန်ဒက်စ်ကို ၁၈လတာ အငှားစာချုပ်နဲဲ့ ခေါ်ယူထားခဲ့ပြီး စျေးကွက်မပိတ်ခင်မှာ တိုက်စစ်ပိုင်းအတွက်ကိုလည်း အင်အားဖြည့်တင်းဦးမယ်လို့ ယူဆမိပါတယ်။
(Zawgyi)
လန်ဒန်ကို ခရီးနှင်လာခဲ့ပြီလို့ သတင်းထွက်လာခဲ့တဲ့ စပါးအသင်းပစ်မှတ် ဝီလီယံဟိုဆေး
စပါးအသင်းကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အမှတ်ပေးဇယားအောက်ဆုံးက နော်ဝစ်ခ်ျစီးတီးအသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရလိုက်လို့ ပရီးမီးယားလိဂ်၎ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကနေ လွတ်မြောက်နိုင်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်တုန်းက စပါးအသင်းဟာ ဆောက်သမ်တန် လီဗာပူးလ်နဲ့ ဝက်ဖိုဒ့်ပွဲတွေအတွင်းမှာ တိုက်စစ်က သွင်းဂိုးတစ်ဂိုးမှကို မသွင်းယူနိုင်ခဲ့ပဲ အခုနော်ဝစ်ခ်ျနဲ့ပွဲစဉ်အတွင်းမှသာ အလီနဲ့ဆွန်ဟောင်မင်တို့က ဂိုးတွေပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဓိကတော့ အသင်းရဲ့အမာခံတိုက်စစ်မှူး ဟာရီကိန်း ဒဏ်ရာရရှိသွားချိန်ကနေစတင်ပြီး စပါးတိုက်စစ်က ပိုအားပျော့သွားခဲ့ကာ အသင်းမှာလည်း အထောင်တိုက်စစ်မှူးနေရာကို ဝင်ရောက်ကစားနိုင်မယ့် အထောင်တိုက်စစ်ကစားသမားစစ်စစ်က နည်းပါးလွန်းနေတာကြောင့် အခုလို သွင်းဂိုးပျောက်ဆုံးမှုတွေ ဖြစ်ပေါ်လာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စပါးအသင်းက အခုဆောင်းရာသီဈေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ပစ်မှတ်တွေထဲကမှ တစ်ဦးဖြစ်တဲ့ ဆိုစီဒက်တိုက်စစ်ကစားသမား ဝီလီယံဟိုဆေးက အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ လန်ဒန်ကို ခရီးနှင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။