သိပ်မကြာခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖွယ် ရှိနေရတဲ့ နည်းပြအဲရစ်တန်ဟက်ဂ်ဟာ ယူနိုက်တက်အသင်းကို စတင်တာဝန်ယူရချိန်မှာပဲ သူအရင်ကတည်းက စိတ်ဝင်စားနေရတဲ့ ကစားသမားဖြစ်သူ နယ်သာလန် တောင်ပံကစားသမား စတီဗင်ဘာ့ဂျ်ဝင့်ဂ်ကို ယူနိုက်တက်အတွက် ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ခေါ်ယူသွားဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သိရှိရပါတယ်။
Photo Credit : Daily Mail
အေဂျက်စ်အသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းကို ပြောင်းလဲကိုင်တွယ်သွားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေရပြီး ယူနိုက်တက်နည်းပြတာဝန်ကို စတင်ထမ်းဆောင်ချိန်မှာပဲ သူရဲ့ကာလရှည်ပစ်မှတ် ဘာ့ဂျ်ဝင့်ဂ်ကို ဦးစားပေး ခေါ်ယူသွားဖို့ ပစ်မှတ်ထားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွှယ် နယ်သာလန် တောင်ပံကစားသမား ဘာ့ဂျ်ဝင့်ဂ်ဟာ ၂၀၂ဝခုနှစ်ကမှ PSV ကနေ စပါးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး နောက်ပိုင်းနှစ်တွေအတွင်း ပွဲကစားခွင့် အကန့်အသတ်တွေ ဖြစ်လာခဲ့လို့ ဘာ့ဂျ်ဝင့်ဂ်ကိုယ်တိုင် အသင်းကနေ ထွက်ခွာချင်နေသလို အသင်းဘက်ကလည်း ဘာ့ဂျ်ဝင့်ဂ်ကို ထိုက်သင်တဲ့ တန်ကြေးနဲ့ ရောင်းထုတ်သွားဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း တန်ဟက်ဂ်က သူရဲ့အေဂျက်စ်အသင်းအတွက် ဘာ့ဂျ်ဝင့်ဂ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပြီး ဘာ့ဂျ်ဝင့်ဂ်ကိုယ်တိုင်ကလည်း အေဂျက်စ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့်လည်း စပါးအသင်းဘက်က ဒီအပြောင်းအရွှေ့ကို ပိတ်ဆို့ခဲ့တာကြောင့် ဘာ့ဂျ်ဝင့်ဂ်က ရာသီကုန်အထိ စပါးအသင်းမှာသာ ဆက်လက်ရှိနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာ့ဂျ်ဝင့်ဂ်ဟာ လာမယ့်နွေမှာတော့ စပါးအသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ပြင်ဆင်နေပြီး သူ့ကို ဂျာမနီနဲ့ ပြင်သစ် ကလပ်အသင်းတွေက စောင့်ကြည့်လျက် ရှိနေသလို ယူနိုက်တက်အသင်းနဲ့ လက်တွဲသွားဖို့ ရှိနေတဲ့ နည်းပြတန်ဟက်ဂ်ကလည်း ဘာ့ဂျ်ဝင့်ဂ်ကို သူရဲ့အသင်းသစ် ယူနိုက်တက်ဆီ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ကို တန်ဟက်ဂ်ရောက်လာချိန်မှာ အသင်းအတွင်း ကစားသမား အပြောင်းအလဲတွေ ကြီးကြီးမားမား လုပ်ဆောင်ဖွယ် ရှိတာကြောင့် သူ အလိုရှိဆုံး ကစားသား ဘာ့ဂျ်ဝင့်ဂ်ကို ဦးစားပေး ခေါ်ယူဖွယ် ရှိလာနိုင်သလို စပါးအသင်းဘက်ကတော့ ဘာ့ဂျ်ဝင့်ဂ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်လောက်သာ လက်လွတ်သွားဖွယ် ရှိနိုင်ပါတယ်။