စပါးအသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းကတော့ ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မက္ကာဘီဟိုင်ဖာအသင်းနဲ့ ယူရိုပါလိဂ် နောက်ဆုံးအဆင့် ခြေစစ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးရယူခဲ့ပြီး ခြေစစ်ပွဲအောင်မြင်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့အပြင် သူကိုယ်တိုင်ကပါ ဟက်ထရစ်ရရှိခဲ့တာကြောင့် ကိန်းဟာ အခုဆိုရင် ဘောလုံးသမိုင်းကြောင်းတလျှောက် ဟက်ထရစ်အကြိမ်ရေ အများဆုံးကစားသမားတွေရဲ့စာရင်းမှာ သတ္တမနေရာအထိကို ရောက်ရှိလာခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Tottenham Hotspurs

စပါးအသင်းက မက္ကာဘီဟိုင်ဖာအသင်းကို (၇)ဂိုး(၂)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲအတွင်းမှာ စပါးအအတွက် သွင်းဂိုး(၃)ဂိုးကို သွင်းယူပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ ဟယ်ရီကိန််းဟာ သူရဲ့ကစားသမားဘဝအတွင်း ဟက်ထရစ်အကြိမ် (၁၂)ကြိမ် သွင်းယူထားနိုင်ခဲ့တာကြောင့် အခုဆိုရင် သူဟာ ဘောလုံးအားကစား သမိုင်းကြောင်းတလျှောက်မှာ သတ္တမမြောက် ဟက်ထရစ်အကြိမ်ရေ အများဆုံးသောကစားသမားအဖြစ် သတ်မှတ်ခံရလာတဲ့အပြင် ဂါလာတာစာရေးအသင်းရဲ့ ကိုလံဘီယာတိုက်စစ်ကစားသမား ရာဒါမယ်ဖယ်ကာအိုနဲ့အတူ ဟက်ထရစ်(၁၂)ကြိမ်ခြင်း တူညီသွားခဲ့ရပြီပဲဖြစ်ပါတယ်။

Photo Credit : Yahoo! Sports

ဘောလုံးသမိုင်းကြောင်းတလျှောက် ဟက်ထရစ်အကြိမ်ရေ အများဆုံးကစားသမားအဖြစ် ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက (၅၄)ကြိမ်နဲ့ ရပ်တည်နေသလို သူရဲ့နောက် ဒုတိယနေရာမှာတော့ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက ရော်နယ်ဒိုထက် တစ်ကြိမ်လေးသာ လျော့နည်းပြီး ရပ်တည်နေတာဖြစ်ပါတယ်။ ဟက်ထရစ်အများဆုံး တတိယနေရာမှာတော့ မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်က (၂၉)ကြိမ်ရှိနေပြီး မကြာသေးခင်ကမှ UEFA ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား လီဝန်ဒေါစကီး ဟက်ထရစ်(၂၂)ကြိမ်နဲ့ စတုတ္ထအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ သူတို့ရဲ့အောက် ပဥ္စမနေရာနဲ့ ဆဌ္စမနေရာတွေမှာ နာမည်ကျော် တောင်အမေရိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အဂူရို(၁ရကြိမ်) ကာဗာနီ(၁၅ကြိမ်)တို့နဲ့ အသီးသီးရပ်တည်နေကြပါတယ်။ ဒီလို ဟက်ထရစ်အများဆုံး ကစားသမားတွေရဲ့စာရင်းထဲမှာ အားလုံးက အသက်(၃၀)ကျော် ကစားသမားတွေဖြစ်နေပေမယ့်လည်း အသက်(၂၇)နှစ်သာရှိနေသေးတဲ့ ဟယ်ရီကိန်းက ဒီစာရင်းထဲမှာ ပါဝင်လာတာကတော့ သူ့အတွက် ဂုဏ်ယူစရာလို့ သတ်မှတ်နိုင်ပါတယ်။