စပါးအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အိုဟာရာကတာ့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူလိုက်မယ်ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ရရှိနိုင်တယ်လို့ Talksport သတင်းမှာ အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းမှာ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်က စတင် ကစားခဲ့ပြီး စပါးအသင်းအတွက် ပွဲစဉ် (၂၈၀) ပွဲ ကစားထားရမှာ သွင်းဂိုး (၁၈၂) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိင်ပွဲမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်ပါတယ်။

 

Photo Credit: Goal

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဝက်စ်ဟမ်းအသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အပိတ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၈) ဂိုး ရှိသွားပြီ ဖြစ်ပြီး လက်ရှိရာသီမှာ စပါးအသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပါတယ်။ ဟယ်ရီ ကိန်းဟာ ပြီးခဲ့တဲ့ မတ်လက စပါးအသင်းမှာ တိုးတတ်မှု မရှိတော့ဘူးလို့ ခံစားရပြီ ဆိုရင် အသင်းပြောင်းမယ်လို့ ပြောခဲ့ပြီး စပါးအသင်းရဲ့ ကစားသမားဟောင်း အိုဟာရာက မန်ယူအသင်းအနေနဲ့ ဟယ်ရီ ကိန်းကို ခေါ်ယူမယ်ဆိုရင် ဆုဖလား ရရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Talksport မှာ အိုဟာရာက “ဟယ်ရီကိန်းက စပါးအသင်းမှာ ဆက်ကစားနေတာကို မြင်ရရင်တော့ ကျွန်တော် သဘောကျမှာပါ။ ဒါပေမယ့် စပါးအသင်းအနေနဲ့ ဟယ်ရီကိန်းကို သူ့ရဲ့ ရည်မှန်းချက် ရောက်ရှိအောင် ကူညီရပါလိမ့်မယ်။ ဟယ်ရီကိန်းက ဆုဖလား ရရှိချင်တယ်။ မန်ယူအသင်းက ကမ္ဘာမှာ အကြီးမားဆုံး အသင်း ဖြစ်နေဆဲပါပဲ။ မန်ယူအသင်းက သူတို့ ရောက်သင့်တဲ့ နေရာကို မရောက်သေးပေမဲ့လည်း သူတို့က ကမ္ဘာမှာ အကြီးမားဆုံးအသင်း ဖြစ်နေဆဲပါ။ မာရှယ်အနေနဲ့ အလွန် ကောင်းတဲ့ ကစားသမား ဖြစ်ပေမဲ့လည်း ဟယ်ရီကိန်းလို ကစားသမားမျိုးကို ခေါ်ယူလိုက်မယ် ဆိုရင် မန်ယူအသင်းအနေနဲ့ နောက်တစ်ကြိမ် ဆုဖလား ပြန်ရနိုင်ပါတယ်”လို့ ပြောသွားပါတယ်။