မနေ့ကမှ အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီး ရာသီအစတုန်းက ဘက်တစ်ကနေ အငှားနဲ့ ခေါ်ယူထားခဲဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူ ဂျီအိုဗန်နီလိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူခဲ့တဲ့ စပါးအသင်းဟာ အခုဆောင်းရာသီစျေးကွက် မပိတ်သိမ်းခင်မျာပဲ သူတို့အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ PSV အသင်းရဲ့ နယ်သာလန်လူငယ်ကြယ်ပွင့်လေး ဘာ့ဂ်ဝင့်ချ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Photo Credit : CaughtOffside

အသက်၂၂နှစ်အရွှယ်ရှိ စတီဗင်ဘာ့ဂ်ဝင့်ချ်ဟာ PSV အသင်းမှာ တောင်ပံကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြကစားခဲ့ရာကနေ နယ်သာလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ထားခံရသူဖြစ်ပါတယ်။ အသက်၁၇နှစ်အရွှယ်မှာကတည်းက PSV စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ ဘာ့ဂ်ဝင့်ချ်ကို ဥရောပအသင်းပေါင်းများစွာကနေ စိတ်ဝင်တစားရှိခဲ့ပြီး ခေါ်ယူဖို့လည်း ကမ်းလှမ်းချက်တွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခြင်းမရှိခဲ့ပဲ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တာဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဘာ့ဂ်ဝင့်ချ်ဟာ စပါးအသင်းနဲ့ ၅နှစ်ခွဲစာချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးကို အသေးစိတ် ဖော်ပြထားခြင်းမရှိပဲ ကျောနံပါတ်၂၃ဝတ်ဆင်မယ်လို့ သိရှိရပါတယ်။ လက်ရှိ စပါးအသင်းမှာက ဟာရီကိန်း ဒဏ်ရာရနေစဉ်အတွင်း အစားထိုးနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတာဖြစ်ပေမယ့် ဘာ့ဂ်ဝင့်ချ်က အထောင်တိုက်စစ်မှူးမဟုတ်ပဲ တောင်ပံတိုက်စစ်နဲ့ အသင်းကနေ ထွက်ခွာသွားသူ အဲရစ်ဆင်လိုနေရာမှာသာ ကစားတတ်သူဖြစ်ပါတယ်။ တကယ်လိုအပ်နေတဲဲ့ တိုက်စစ်မှူးစစ်စစ်ကို မခေါ်ယူသေးပေမယ့်လည်း ဂတ်ဆန်ဖာနန်ဒက်စ်နဲဲ့ ဘာ့ဂျ်ဝင့်ချ်တို့လို လူငယ်သွေးသစ်လေးတွေကို အားဖြည့်ခေါ်ယူနိုင်ခဲ့တာနဲ့ အသင်းနဲ့ အံ့ဝင်ခွင့်ကျ ဖြစ်လာခဲဲ့ရတဲ့ လိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာကတော့ အသင်းကို အကျိုးရှိစေမှာ သေချာပါတယ်။

(Zawgyi)

PSV အသင်းရဲ့ နယ်သာလန်ကြယ်ပွင့်လေးကို ခေါ်ယူနိုင်ခဲ့လိုက်ပြီဖြစ်တဲ့ စပါး

မနေ့ကမှ အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီး ရာသီအစတုန်းက ဘက်တစ်ကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူ ဂျီအိုဗန်နီလိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူခဲ့တဲ့ စပါးအသင်းဟာ အခုဆောင်းရာသီဈေးကွက် မပိတ်သိမ်းခင်မျာပဲ သူတို့အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ PSV အသင်းရဲ့ နယ်သာလန်လူငယ်ကြယ်ပွင့်လေး ဘာ့ဂ်ဝင့်ခ်ျကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီး တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။


အသက်၂၂နှစ်အရွှယ်ရှိ စတီဗင်ဘာ့ဂ်ဝင့်ခ်ျဟာ PSV အသင်းမှာ တောင်ပံကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြကစားခဲ့ရာကနေ နယ်သာလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ထားခံရသူဖြစ်ပါတယ်။ အသက်၁၇နှစ်အရွှယ်မှာကတည်းက PSV စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တဲ့ ဘာ့ဂ်ဝင့်ခ်ျကို ဥရောပအသင်းပေါင်းများစွာကနေ စိတ်ဝင်တစားရှိခဲ့ပြီး ခေါ်ယူဖို့လည်း ကမ်းလှမ်းချက်တွေ ပြုလုပ်ခဲ့ပေမယ့် ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခြင်းမရှိခဲ့ပဲ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တာဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဘာ့ဂ်ဝင့်ခ်ျဟာ စပါးအသင်းနဲ့ ၅နှစ်ခွဲစာချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးကို အသေးစိတ် ဖော်ပြထားခြင်းမရှိပဲ ကျောနံပါတ်၂၃ဝတ်ဆင်မယ်လို့ သိရှိရပါတယ်။ လက်ရှိ စပါးအသင်းမှာက ဟာရီကိန်း ဒဏ်ရာရနေစဉ်အတွင်း အစားထိုးနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတာဖြစ်ပေမယ့် ဘာ့ဂ်ဝင့်ခ်ျက အထောင်တိုက်စစ်မှူးမဟုတ်ပဲ တောင်ပံတိုက်စစ်နဲ့ အသင်းကနေ ထွက်ခွာသွားသူ အဲရစ်ဆင်လိုနေရာမှာသာ ကစားတတ်သူဖြစ်ပါတယ်။ တကယ်လိုအပ်နေတဲ့ တိုက်စစ်မှူးစစ်စစ်ကို မခေါ်ယူသေးပေမယ့်လည်း ဂတ်ဆန်ဖာနန်ဒက်စ်နဲ့ ဘာ့ဂ်ျဝင့်ခ်ျတို့လို လူငယ်သွေးသစ်လေးတွေကို အားဖြည့်ခေါ်ယူနိုင်ခဲ့တာနဲ့ အသင်းနဲ့ အံ့ဝင်ခွင့်ကျ ဖြစ်လာခဲ့ရတဲ့ လိုဆယ်ဆိုကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာကတော့ အသင်းကို အကျိုးရှိစေမှာ သေချာပါတယ်။