ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်အတွက် ဘက်ဂျတ်ပိုင်းတောင့်တင်းနေစေဖို့ အသင်းက ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါဝင်နေခဲ့ရတဲ့ လူငယ်ကစားသမားလေး အိန်စလေမီလန်းနိုင်းလ်စ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး အဲ့ဒီအသင်းတွေထဲမှာ အာဆင်နယ်ရဲ့ခါးသီးမြို့ခံပြိုင်ဘက် စပါးအသင်းလည်း ပါဝင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Arseblog News

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံကစားသမား မီလန်းနိုင်းစ်ဟာ အာဆင်နယ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်(၁၇)နှစ်အရွှယ်မှာပဲ သူရဲ့စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ နောက်ခံအစွန်လူ တောင်ပံအစွန်နှစ်ဖက်နဲ့ ကွင်းလယ်ပိုင်းတွေမှာ နေရာစုံ ကစားတတ်တဲ့ မီလန်းနိုင်းစ်ဟာ အာဆင်နယ်အသင်းမှာပဲ နှစ်ပေါင်းများစွာ ဆက်လက်ရှိနေချင်ပေမယ့် ကစားသမားသစ်တွေ ခေါ်ယူရာမှာ အသုံးစရိတ်များစွာ လိုအပ်လာနိုင်တာကြောင့် အာဆင်နယ်ဘက်ကနေ မီလန်းနိုင်းစ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Mirror

လက်ရှိမှာတော့ မီလန်းနိုင်းစ်ကို ပရီးမီးယားလိဂ်အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်အသင်းရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ လန်ဒန်ဒါဘီအသင်း စပါးဘက်ကနေပါ မီလန်းနိုင်းစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီိး သိပ်မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းက သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)လောက်အထိ သတ်မှတ်ထားပေမယ့်လည်း ပေါင်သန်း(၂၀)ဝန်းကျင်လောက် ရရှိမယ်ဆိုရင်တောင် အသင်းကနေ ရောင်းချသွားနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ အခုနွေစျေးကွက်အတွင်းမှာ အသင်းက ကစားသမားတွေဖြစ်တဲ့ အိုဇေး တော်ရဲရား ဘယ်လာရင် လာကာဇက် ဂွမ်ဒူဇီ မစ်ခီတာရန်တို့အပြင် မီလန်းနိုင်းစ်ကိုပါ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး ကစားသမားသစ်များအဖြစ် ဝီလီယံ ကော်တင်ဟိုနဲ့ လိုင်လီနောက်ခံလူ ဂါဘရီရယ်တို့ ပြန်လည်ခေါ်ယူဖွယ် ရှိနေသလို ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ကိုလည်း အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အက်အေဖလားကို ရယူပြီး ရာသီသိမ်းနိုင်ခဲ့အတွက် လာမယ့်ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲကို လက်စတာ စပါးအသင်းတို့နဲ့အတူ ဝင်ရောက်ဆင်နွဲခွင့် ရရှိထားပါတယ်။