စပါးအသင်းကတော့ နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေတဲ့ ညာနောက်ခံကစားသမား ဆာဂျီအော်ရီယာရဲ့နေရာမှာ အစားထိုးသွားနိုင်ဖို့အတွက် ဝုလ်ဖ်အသင်းရဲ့နောက်ခံအစွန်လူ ကစားသမား မတ်ဒိုဟာသီကို ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေရာ အခုဆိုရင် ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းအပြင် အပိုဆုကြေးတွေနဲ့အတူ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်အားကစားမီဒီယာတွေကနေ ဖော်ပြနေကြပြီဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ယာလန်လက်ရွေးစင် ညာနောက်ခံကစားသမား မတ်ဒိုဟာသီဟာ ဝုလ်ဗ်အသင်းရဲ့အဓိကနောက်ခံကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကို လိဂ်ဝမ်းကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲအဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဒီလို အတွေ့အကြုံရင့် နောက်ခံကစားသမားကို စပါးနည်းပြဟိုဆေးမော်ရင်ဟိုကနေ အသင်းဆီ ခေါ်ဆောင်သွားချင်နေကြပြီး အေစီမီလန်နဲ့ လေဗာကူဆင်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်နောက်ခံလူ အော်ရီယာရဲ့နေရာမှာ အစားထိုးသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒိုဟာသီဟာ ၂၀၁၁ခုနှစ်ကမှ အိုင်ယာလန်ကလပ် ဘိုဟီနီယန်စ်အသင်းကနေ ဝုလ်ဗ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ လိဂ်ဝမ်းချန်ပီယံ ချန်ပီယံရှစ်ချန်ပီယံတွေ ဆက်တိုက်ဖြစ်လာခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တတ်လှမ်းခွင့်ရခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ထိပါ ရောက်ရှိထားခဲ့သူဖြစ်ပါတယ်။ အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် (၉)ပွဲအထိ ပါဝင်ကစားခဲ့ဖူးတဲ့ ဒိုဟာသီကို ဝုလ်ဗ်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပေမယ့် စပါးဘက်ကနေ ကမ်းလှမ်းလာမှုကိုတော့ ကစားသမားဘက်ကနေ ပယ်ချခြင်းမရှိသလို ဝုလ်ဗ်အသင်းဘက်ကလည်း သူတို့ရဲ့ ကစားသမားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရလာခဲ့တဲ့အတွက် ရောင်းချဖို့အတွက် သဘောတူညီခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒိုဟာသီမတိုင်ခင် ဆောက်သမ်တန်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ဟွိုင်းဘီယက်ကို ပေါင်(၁၅)သန်းနဲ့ ခေါ်ယူခဲ့သလို ဝါရင့််အင်္ဂလန်ဂိုးသမားကြီး ဂျိုးဟတ်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီး ဒိုဟာသီကတော့ စပါးအတွက် တတိယမြောက် ကစားသမားသစ် ခေါ်ယူမှုဖြစ်လာဖွယ် ရှိနေပါတယ်။