စပါးအသင်းဟာ အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဖရန့်ကတ်ဆီးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အီတလီနာမည်ကျော် သတင်းစာ Calcio Mercato ရဲ့ ဖော်ပြချက်မှာလည်း စပါးဟာ ကွင်းလယ်လူ ကတ်ဆီးအတွက် တစ်နှစ်လုပ်ခ ယူရို(၈)သန်းခန့်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စပါးတိုက်စစ်မှူး ဟာရီကိန်းကလည်း အသင်းအနေနဲ့ သူ့ကို လျော်ကြေးစာချုပ်တစ်ခု သတ်မှတ်ပြီး စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လို့ နေပါတယ်။

Photo Credit : Football Espana

အသက်(၂၄)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမားဖြစ်သူ ကတ်ဆီးဟာ မီလန်အသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း သူရဲ့စာချုပ်သက်တမ်းက ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သက်တမ်းကုန်တော့မှာဖြစ်လို့ အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ဆောင်ရွှက်နေပေမယ့် ကစားသမားကတော့ အသင်းနဲ့ လမ်းခွဲဖို့ကို စိတ်အားထက်သန်နေတာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ချဉ်းကပ်လာခဲ့တာြ့ဖစ်ပြီး ဒီအသင်းတွေထဲမှာ စပါးအသင်းလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ စပါးက ကတ်ဆီးအတွက် တစ်နှစ်လုပ်ခ ယူရို(၈)သန်း ပေးချေသွားဖို့ အသင့်ရှိနေပေမယ့် ကတ်ဆီးကို ပီအက်စ်ဂျီလို် ငွေကြေးအင်အား တောင့်တင်းလှတဲ့ အသင်းမျိုးကပါ စိတ်ဝင်စားနေတာဖြစ်လို့ အပြိုင်ခေါ်ယူဖို့ ခက်ခဲဖွယ် ရှိနိုင်ပါတယ်။

Photo Credit : CGTN

တစ်လက်စတည်းမှာပဲ နောက်ထပ် စပါးအသင်းနဲ့ သက်ဆိုင်တဲ့ သတင်းကတော့ ဟာရီကိန်းရဲ့ အနာဂတ်အခြေအနေအကြောင်းပဲ ဖြစ်ပါတယ်။ Eurosport ရဲ့ ဖော်ပြချက်အရ တိုက်စစ်မှူးဟာရီကိန်းဟာ အသင်းဘက်ကနေသာ လျော်ကြေးစာချုပ်တစ်ခုနဲ့ သူ့ကို စာချုပ်သက်တမ်းတိုးတဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်လာတဲ့အခါ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ နွေစျေးကွက်အတွင်းမှာ ဟာရီကိန်းက သူ့ကို အလိုရှိနေတဲ့ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ခွင့်ရဖို့ အသင်းဘက်ကို တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အသင်းဘက်ကတော့ ကိန်းကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်မပေးခဲ့ပဲ ကိန်းရဲ့တန်ကြေးကိုလည်း မြင့်မားစွာ သတ်မှတ်ထားတာကြောင့် နောက်ဆုံးမှာတော့ မန်စီးတီးအသင်းဘက်က ကိန်းကို ခေါ်ယူဖို့ လက်လျော့ခဲ့လိုက်ရတာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် စပါးအသင်းဥက္ကဌဖြစ်သူကတော့ ကိန်းရဲ့စာချုပ်သစ် ကမ်းလှမ်းမှုမှာ လျော်ကြေးစာချုပ်ကိုပါ ထည့်သွင်းဖို့က လွယ်ကူဖွယ်မရှိဘူးလို့ သုံးသပ်ထားခဲ့ပါတယ်။