ဂိုးသမားဂိုလီနီနဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ်ကစားသမားလေး ဘရိုင်ယန်ဂေးလ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ စပါးအသင်းဟာ လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝုလ်ဗ်အသင်း တောင်ပံတိုက်စစ်ကစားသမား အဒါမာထရာအိုရေးကိုပါ ထပ်မံခေါ်ယူသွားဖို့အတွက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့အပြိုင် ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

စပါးအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟာရီကိန်းကို လက်လွတ်ရဖို့ ရှိနေတဲ့အပြင် တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အဲရစ်လာမယ်လာကို ဆီဗီလာအသင်းဆီ ပို့ဆောင်ထားရပြီး နောက်ထပ် တောင်ပံကစားသမား ဘာ့ဂျ်ဝိုင်းမှာလည်း အသင်းနဲ့ သိပ်အံ့မဝင်တာကြောင့် အဒါမာထရာအိုရေးလို လျင်မြန်ပြီး ဂိုးကန်သွင်းအား ကောင်းမွန်လှတဲ့ တောင်ပံကစားသမားမျိုးကို အလိုရှိလာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိစပါးအသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ နည်းပြနူနိုဆန်တိုကလည်း ဝုလ်ဗ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်လို့ သူရဲ့ကစားသမားဟောင်းကို စပါးအသင်းဆီ ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ ထရာအိုရေးဟာ ဝုလ်ဗ်အသင်းမှာ နည်းပြနူနိုဆန်တိုနဲ့ (၃)နှစ်နီးပါးလောက် လက်တွဲခဲ့သူဖြစ်တာကြောင့် ဆန်တိုက သူရဲ့တပည့်ဟောင်းကို စပါးအသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်သလို ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်နီးပါး ကျန်ရှိလို့နေသေးတဲ့ ထရာအိုရေးကလည်း ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းပြောင်းရွှေ့ချင်နေပါတယ်။ ဒီလိုု အသင်းကနေ ထွက်ခွာချင်နေတဲ့ ထရာအိုရေးကို စပါးအသင်းအပါအဝင် လီဗာပူးလ် ချယ်လ်ဆီးနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတွေအပြင် ပြည်ပက ကလပ်အသင်းတချို့ကိုပါ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ဒါပေမယ့် ဝုလ်ဗ်အသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို စျေးပေါပေါနဲ့ ရောင်းချသွားဖို့ စိတ်ကူးမရှိပဲ ပေါင်(၄၅)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားဖွယ် ရှိနေပါတယ်။ ထရာအိုရေးကို ပစ်မှတ်ထားနေတဲ့ စပါးအသင်းကတော့ ထရာအိုရေးထက် အသင်းအတွက် မဖြစ်မနေ ပိုလိုအပ်တဲ့ ဗဟိုခံစစ်နေရာအတွက် အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးကို အသည်းအသန် အလိုရှိနေပြီး ကစားသမားနဲ့ အဆင်ပြေထားပေမယ့် အသင်းနှစ်သင်းကြားမှာတော့ ပြောင်းရွှေ့ကြေးကိစ္စက အဆင်မပြေ ဖြစ်နေလို့ ဆက်လက်ညှိနှိုင်းနေရဆဲ ဖြစ်နေပါတယ်။