လက်ရှိ လီဗာပူးလ်အသင်းမှာ အသင်းရဲ့အမာခံကစားသမားတွေကျော်ဖြတ်ပြီး ပွဲထွက်လူစာရင်းထဲ ဝင်ရောက်လာနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့်တော့ အကယ်ဒမီထွက် ကစားသမားလေးတွေအနေနဲ့ သူတို့ရဲ့ လီဗာပူးလ်စီနီယာကစားသမားဘဝကို စတင်ဖြတ်သန်းနိုင်ဖို့က ခက်ခဲနေရတာမို့ ကစားသမားလေးတွေ အများစုက အသင်းကနေ အငှားနဲ့ထွက်ခွာတာအပြင် အပြီးသတ်ထွက်ခွာတာတွေပါ ပြုလုပ်လာခဲ့ကြပါတယ်။ ဒီလို လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားကြတဲ့ ကစားသမားတွေထဲမှာ တောင်ပံကစားသမားလေး ရာဖေးလ်ကမာချိုလည်း အပါအဝင်ဖြစ်ပါတယ်။

Photo Credit : Getty Images

အသက်၁၉နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ပေါ်တူဂီလူငယ်တောင်ပံကစားသမားလေး ကမာချိုကတော့ လက်ရှိ ပေါ်တူဂီနာမည်ကျော်ကလပ် စပို့တင်းလစ္စဘွန်းအသင်းမှာ ပါဝင်ကစားနေတာဖြစ်ကာ ဒီနှ်ဘောလုံးရာသီအစပိုင်း နွေစျေးကွက်မှာ လစ္စဘွန်းအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ ကမာချိုဟာ လီဗာပူးလ်အသင်းမှာ စီနီယာကစားသမားဘဝကို မဖြတ်သန်းခဲ့ဖူးတဲ့ ကမာချိုဟာ လစ္စဘွန်းအသင်းမှာတော့ ပွဲဦးထွက်ရာသီမှာပင် ပြိုင်ပွဲစုံ ၁၉ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ကာ သွင်းဂိုး၁ဂိုးနဲ့ ဂိုးဖန်တီးမှု၁ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အခုတော့ ကမာချိုဟာ ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့လာရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

ညာတောင်ပံဘက်ခြမ်းမှာ အဓိကဆော့ကစားတတ်သူဖြစ်တဲ့ ကမာချိုကို သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဂျိုဆေးမော်ရင်ဟို ကိုင်တွယ်လျက်ရှိနေတဲ့ စပါးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်သွားဖွယ်ရှိနေပါတယ်။ ကမာချိုကိုယ်တိုင်ကလည်း လက်ရှိ သူရဲ့အမိမြေမှာ ကစားနေရတယ်ဆိုပေမယ့်လည်း ပရီးမီးယားလိဂ်မှာသာ ပြန်လည်ကစားဖို့ ပိုပြီးဆန္ဒရှိတာကြောင့် စပါးအသင်းဘက်ကနေသာ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံဖွယ်ရှိနေပါတယ်။ ကမာချိုဟာ သူရဲ့လီဗာပူးလ်စီနီယာကစားသမားဘဝမှာ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့ရတဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်တစ်ပွဲတည်းကိုသာ ပါဝင်ကစားခဲ့ရတာဖြစ်ပြီး လီဗာပူးလ်ယူ-၂၃အသင်းအတွက်ပဲ ဦးစားပေးကစားခဲ့တာဖြစ်လို့ အသင်းကနေ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။