ပရီးမီးယားလိဂ်က ကစားသမားတွေကိုပဲ ခေါ်ယူအားဖြည့်လျက်ရှိနေတဲ့ စပါးအသင်းဟာ အသင်းအတွက် လိုအပ်ချက်ဖြည့်နေတဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ပါဝင်ကစားမယ့် တိုက်စစ်မှူးနေရာအတွက် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့တိုက်စစ်ကစားသမား ဂျိုရှအာကင်းနဲ့ အစားထိုးသွားဖို့ ချိန်ရွှယ်လျက်ရှိနေကာ ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

Premier League : Premier League

စပါးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့နေရာစုံအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်လျက်ရှိနေကာ ဂိုးသမားကနေ နောက်တန်း အလယ်တန်းအထိ ကစားသမားသစ်တစ်ယောက်ဆီ ခေါ်ဆောင်ထားခဲ့ပေမယ့် တိုက်စစ်နေရာအတွက်ကိုတော့ အားမဖြည့်ရသေးတဲ့အတွက် ဘုန်းမောက်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျိုရှအာကင်းနဲ့ ကော်လန်ဝီလ်ဆန်တို့ကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဝီလ်ဆန်ထက် ကင်းကို ခေါ်ယူနိုင်ဖို့ကိုပဲ အရှိန်မြင့်စွာ ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

စပါးအသင်းရဲ့တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်မှူးစစ်စစ်ဆိုလို့ ဟယ်ရီကိန်းတစ်ယောက်တည်းသာ ရှိလို့နေတဲ့အတွက် ကိန်းရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ပါဝင်ကစားနိုင်မယ့် တိုက်စစ်ကစားသမားတစ်ယောက်ကို ရှာဖွေနေရတာဖြစ်ပါတယ်။ ဒီနေရာအတွက် နာပိုလီတိုက်စစ်ကစားသမားမီလစ်ခ် ဝက်ဖိုဒ့်တိုက်စစ်မှူးကြီးဒီနေး ဘုန်းမောက်တိုက်စစ်မှူးဝီလ်ဆန်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း talkSPORT အားကစားမီဒီယာရဲ့အပြောင်းအရွှေ့ဂုရုဖြစ်သူ အဲလက်စ်ခရော့ခ်ရဲ့ ပြောဆိုချက်အရ လက်ရှိမှာ စပါးအသင်းက အသက်(၂၈)နှစ်အရွှယ် နော်ဝေတိုက်စစ်ကစားသမား ဂျိုရှအာကင်းကိုပဲ ပစ်မှတ်ထားလျက်ရှိနေကာ အပြောင်းအရွှေ့အတွက်ကိုလည်း ဘုန်းမောက်အသင်းနဲ့ ဆွေးနွေးလျက်ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းကတော့ လက်ရှိမှာ ဆောက်သမ်တန်အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ဟိုလီဘတ် အင်္ဂလန်လက်ရွေးစင်ဟောင်း ဝါရင့်ဂိုးသမားကြီး ဂျိုးဟတ်နဲ့ ဝုလ်ဗ်အသင်းရဲ့ အိုင်ယာလန်ညာနောက်ခံကစားသမား မတ်ဒိုဟာသီတို့ကို ခေါ်ယူထားလျက်ရှိပြီး နွေစျေးကွက်မပိတ်ခင်မှာ နောက်ထပ်ကစားသမား(၂)ယောက်ခန့်လောက် ခေါ်ယူဖွယ်ရှိနေပါတယ်။