ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီအသင်းတို့ ခေါ်ယူချင်နေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၁၆)သန်းနဲ့ ကမ်းလှမ်းမှသာ စဉ်းစားသွားမယ်လို့ ပြင်သစ် သတင်းမီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

   မကြာခင်မှာ အသက်(၃၀)ပြည့်တော့မယ့် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနှစ် နွေဈေးကွက်အတွင်းမှာ စပါးအသင်းကနေ ထွက်ခွာချင်နေပြီး ဖလား အာမခံချက်ရှိတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။ ဒါပေမယ့် စပါးဘက်ကတော့ သူတို့ ကစားသမားကို အသင်းမှာသာ ဆက်ထိန်းထားချင်နေပြီး တစ်ပတ် လုပ်ခ ပေါင် (၄၀၀၀၀၀) အထိနဲ့ ပေးချေကာ စာချုပ်သစ် ကမ်းလှမ်းသွားဖို့လည်း လုပ်ဆောင်ချင်နေပါတယ်။

 

Photo Credit : Transfermarket

   ဒါပေမယ့် ကိန်းဘက်က စာချုပ် ကမ်းလှမ်းမှုကို ပယ်ချမယ်ဆိုရင်တော့ စပါးကလည်း လာမယ့်နွေမှာ ကိန်းကို အလွတ်နဲ့ လက်မလွတ်ချင်တဲ့အတွက် ယူရို (၁၁၆)သန်းနဲ့သာ ကိန်းကို ကမ်းလှမ်းမယ့် အသင်း ရှိလာရင် ရောင်းချသွားမယ်လို့ အသိပေးလိုက်ပါတယ်။ လတ်တလောမှာ ဆိုရင်တော့ ကိန်းကိုယ်တိုင်က ဘိုင်ယန်ကို သွားချင်နေသလို ကိန်း နဲ့ ဘိုင်ယန်ကြားမှာလည်း personal agreed ပါ ရရှိထားတယ်ဆိုပြီး သတင်းတွေလည်း ထွက်ထားသေးတာမို့ ကိန်းက ပီအက်စ်ဂျီထက် ဘိုင်ယန်ကို ရွေးချယ်နိုင်တယ်လို့ ယူဆနိုင်ပေမယ့် ဘိုင်ယန်က အခု စပါး သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်းနဲ့ ကိန်းကို ကမ်းလှမ်းဖို့ဆိုတာ မလွယ်နိုင်ပါဘူး။

Photo Credit : TEAMtalk

   ဒီပုံစံအတိုင်းဆိုရင်လည်း ပီအက်စ်ဂျီက ကိန်းထက် အသက်လည်း ငယ် တန်ကြေးလည်း ပိုသက်သာတဲ့ ဒူဆန် ဗလာဟိုဗစ်ကိုသာ ရွေးချယ်သွားဖို့ ရှိနေပြီး ဗလာဟိုဗစ်နဲ့လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားတယ်လို့ သိရှိရပါတယ်။