အက်အေဖလား စတုတ္ထအဆင့်ရဲဲ့ပြိုင်ပွဲတွေကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကပဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်အရှံးမပေါ်ခဲ့တဲ့ သရေပွဲတွေကို ပြန်ကန်ပွဲတွေအဖြစ် ဒီတစ်ပတ်ကြားရက်မှာ ပြန်လည်ယှဉ်ပြိုင်စေခဲ့ပြီး လီဗာပူးလ် နယူးကာဆဲလ်ယူနိုက်တက် ကာဒစ်စီးတီး ဒါဘီကောင်တီနဲ့ ဘာမင်ဂမ်စီးတီးအသင်းတို့က ပြန်ကန်ပွဲတွေမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အက်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲရဲ့နောက်ဆုံးပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ရင်ဆိုင်ကစားရမှာဖြစ်ကာ ဒီပွဲအကြောင်းကို အသေးစိတ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ပထမဆုံးတော့ အိမ်ရှင်စပါးအသင်းအကြောင်းကုုိ ရွေးချယ်ဖော်ပြပေးသွားချင်ပါတယ်။ စပါးအသင်းက စိန့်မေရီကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဆွန်ဟောင်မင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲဲ့ပေမယ့်လည်း လူစားဝင်ကစားသမားဘူဖယ်ရဲ့ချေပဂိုးနဲ့ သရေကျခဲ့လို့ အခုလို ပြန်ကန်ပွဲကို ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးက အသင်းကို အကျိုးပြုနိုင်မယ့် ကစားသမားသစ်လေး ဘာ့ဂျ်ဝင်းချ်ကို ခေါ်ယူထားနိုင်တဲ့အပြင် နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲမှာလည်း ၂ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ စပါးက ၂၀၁၇ခုနှစ်နောက်ပိုင်းကာလတွေ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ဧည့်ခံကစားခဲ့ရတဲ့ ပွဲစဉ်တွေတိုင်းမှာ နိုင်ပွဲတွေ တောက်လျှောက်ရယူထားတဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

Photo Credit : Getty Images

ဆောက်သမ်တန်အသင်းကတော့ နောက်ဆုံးကစားထားတဲ့ပွဲမှာ ဂိုးပြတ်ရှံးနိမ့်ထားတယ်ဆိုပေမယ့် သူတို့ရှံးခဲ့တာက လီဗာပူးလ်အသင်းပါ။ ဆောက်သမ်တန်ဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ အတော်ကောင်းမွန်လို့နေပြီး သူတို့ရှံးသင့်တဲဲ့ ပွဲအနည်းငယ်လောက်ကိုသာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဆောက်သမ်တန်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်းအကောင်းဆုံး နံပါတ်၅နေရာကို ရောက်ရှိနေတဲ့ အသင်းဖြစ်ကာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း၅ပွဲအတွင်း နိုင်ပွဲ၄ပွဲတောင် ရယူထားတဲ့ မှတ်တမ်းကောင်းတစ်ခုကို ရယူထားပါတယ်။

Photo Credit : Getty Images

တကယ်ဆိုရင်တော့ အသင်းနှစ်သင်းလုံးရဲ့လက်ရှိအနေအထားအရ အက်အေဖလားထက် ပရီးမီးယားလိဂ်ဘက်မှာသာ အာရုံစိုက်သင့်တာဖြစ်နေတယ်ဆိုပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်ဖို့ထက်စာရင် တန်းမဆင်းရနိုင်ဖို့က ပိုအရေးကြီးတာဖြစ်နေတာကြောင့် ဒီပွဲမှာ ဆောက်သမ်တန်ထက် စပါးရဲ့အာရုံစိုက်မှု ပိုများနေနိုင်ပါတယ်။ နောက်ပြီး ၁ဂိုးတည်းနဲ့ ကပ်အနိုင်ရမယ်ဆိုရင်တောင် ထက်ဝက်လောက် ပျော်ရွှင်ရမှာဆိုတော့ အိမ်ရှင်စပါးအသင်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။