နည္းျပ ေမာ္ရင္ဟိုရဲ႕ စပါးအသင္းဟာ ယခုလ၊ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕ မပိတ္ခင္မွာ ဒဏ္ရာရေနတဲ့ တိုက္စစ္မႉး ဟယ္ရီ ကိန္းရဲ႕ ေနရာမွာ အစားထိုးဖို႔ တိုက္စစ္မႉး တစ္ဦးကို ေခၚခ်င္ေနၿပီး ေအစီမီလန္ တိုက္စစ္မႉး ပီယာတက္ခ္ကို ခ်ိန္႐ြယ္ေနပါတယ္။ တိုက္စစ္မႉး ပီယာတက္ခ္ဟာ ေအစီမီလန္အသင္းကို တိုက္စစ္မႉး ဇလာတန္ အီဘရာမိုဗစ္ ျပန္လည္ ေရာက္ရွိလာတဲ့ အခ်ိန္မွာ ပြဲထြက္ခြင့္ ေလွ်ာ့နည္းလာတာေၾကာင့္ အသင္းကေန ထြက္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

Photo Credit: Sportskeeda

ပိုလန္ တိုက္စစ္မႉး ပီယာတက္ခ္ဟာ ပုံမွန္ ပြဲထြက္ခြင့္ ရရွိမယ့္ အသင္းမ်ိဳးကို ေျပာင္းခ်င္ေနၿပီး လက္ရွိမွာေတာ့ စပါးအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနသလို မန္ယူအသင္းကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနလ်က္ ျဖစ္ပါတယ္။ စပါးအသင္းဟာ ရီးရဲလ္ ဆိုဆီဒက္စ္အသင္းရဲ႕ တိုက္စစ္မႉး ဝီလီယံ ဆန္ ဂ်ိဳေဆးကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမဲ့ ေျပာင္းေ႐ြ႕ေၾကး ညႇိႏႈိင္းၾကတဲ့ အခ်ိန္မွာ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ ညႇိႏႈိင္းမႈ ပ်က္သြားၿပီး တိုက္စစ္မႉးအသစ္ကို ျပန္ရွာခဲ့ပါတယ္။

Photo Credit: Sportskeeda

စပါးအသင္းဟာ ကြင္းလယ္ပိုင္း သိသာျမင္သာစြာ တိုးတတ္လာခဲ့ၿပီျဖစ္ေပမဲ့လည္း တိုက္စစ္ပိုင္း အဆုံးသတ္ အားနည္းမႈ ရွိေနတာေၾကာင့္ သြင္းဂိုးေတြ နည္းပါးခဲ့ၿပီး ႏိုင္ပြဲ ရရွိသင့္တဲ့ ပြဲစဥ္ေတြမွာ သေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ပီယာတက္ခ္ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ လိဂ္ ပြဲစဥ္ (၃) ပြဲမွာ မပါဝင္ခဲ့တာေၾကာင့္ ပုံမွန္ ေနရာရဖို႔ အသင္းက ထြက္ခ်င္ေနၿပီး၊ ပရီးမီးယားလိဂ္ အသင္းျဖစ္တဲ့ စပါးအသင္းကို ေျပာင္းလာႏိုင္ေခ် အရွိဆုံး ျဖစ္တယ္လို႔ Sportskeeda က ေဖာ္ျပသြားခဲ့ပါတယ္။

(Unicode)

နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ယခုလ၊ ဇန်နဝါရီလ အပြောင်းအရွေ့ မပိတ်ခင်မှာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ချင်နေပြီး အေစီမီလန် တိုက်စစ်မှူး ပီယာတက်ခ်ကို ချိန်ရွယ်နေပါတယ်။ တိုက်စစ်မှူး ပီယာတက်ခ်ဟာ အေစီမီလန်အသင်းကို တိုက်စစ်မှူး ဇလာတန် အီဘရာမိုဗစ် ပြန်လည် ရောက်ရှိလာတဲ့ အချိန်မှာ ပွဲထွက်ခွင့် လျှော့နည်းလာတာကြောင့် အသင်းကနေ ထွက်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit: Sportskeeda

ပိုလန် တိုက်စစ်မှူး ပီယာတက်ခ်ဟာ ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် အသင်းမျိုးကို ပြောင်းချင်နေပြီး လက်ရှိမှာတော့ စပါးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေလျက် ဖြစ်ပါတယ်။ စပါးအသင်းဟာ ရီးရဲလ် ဆိုဆီဒက်စ်အသင်းရဲ့ တိုက်စစ်မှူး ဝီလီယံ ဆန် ဂျိုဆေးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ပြောင်းရွေ့ကြေး ညှိနှိုင်းကြတဲ့ အချိန်မှာ သဘောတူညီမှု မရခဲ့တာကြောင့် ညှိနှိုင်းမှု ပျက်သွားပြီး တိုက်စစ်မှူးအသစ်ကို ပြန်ရှာခဲ့ပါတယ်။

Photo Credit: Sportskeeda

စပါးအသင်းဟာ ကွင်းလယ်ပိုင်း သိသာမြင်သာစွာ တိုးတတ်လာခဲ့ပြီဖြစ်ပေမဲ့လည်း တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းမှု ရှိနေတာကြောင့် သွင်းဂိုးတွေ နည်းပါးခဲ့ပြီး နိုင်ပွဲ ရရှိသင့်တဲ့ ပွဲစဉ်တွေမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပီယာတက်ခ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ပွဲစဉ် (၃) ပွဲမှာ မပါဝင်ခဲ့တာကြောင့် ပုံမှန် နေရာရဖို့ အသင်းက ထွက်ချင်နေပြီး၊ ပရီးမီးယားလိဂ် အသင်းဖြစ်တဲ့ စပါးအသင်းကို ပြောင်းလာနိုင်ချေ အရှိဆုံး ဖြစ်တယ်လို့ Sportskeeda က ဖော်ပြသွားခဲ့ပါတယ်။