ၿပီးခဲ႔တဲ႔ ၂၀၁၈ခုႏွစ္ကမွ မုိနာကုိအသင္းကေန အသက္လက္တီကုိမက္ဒရစ္အသင္းဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ေပမယ့္လည္း ဒီေနာက္ပုိင္းမွာေတာ့ ပြဲထြက္ကစားခြင့္ေတြ အေတာ္ေလးနည္းပါးေနခဲ႔ရတဲ႔ ျပင္သစ္ကြင္းလယ္ကစားသမား ေသာမတ္စ္လူမာက အခုေဆာင္းရာသီေစ်းကြက္မွာပဲ အသင္းကုိ စြန္႔ခြာသြားဖုိ႔ အစီအစဥ္ရွိေနၿပီး သူ႔ကုိလည္း အာဆင္နယ္ စပါး အသင္းေတြကေန အၿပိဳင္စိတ္ဝင္စားေနၾကသလုိ အခုဆုိရင္ စပါးအသင္းဘက္ကေန ကမ္းလွမ္းမႈေတြကုိ စတင္ျပဳလုပ္လာခဲဲ႔ၿပီလုိ႔ သိရွိရပါတယ္။

Photo Credit : TEAMtalk

အသက္၂၄ႏွစ္အရႊယ္ရွိ ျပင္သစ္လက္ေရြးစင္ ကြင္းလယ္ကစားသမား လူမာဟာ ဒီရာသီမွာ အသက္လက္တီကုိအသင္းအတြက္ စပိန္လာလီဂါ၇ပြဲပဲ ပြဲထြက္ကစားခဲ႔ရသလုိ ခ်န္ပီယံလိဂ္မွာလည္း ၁ပြဲပဲ ပြဲထြက္ကစားခဲ႔ရပါတယ္။ ဒီရာသီအတြင္း လူမာက အသက္လက္တီကုိအတြက္ ၿပိဳင္ပြဲစုံမွာ ၂၁ပြဲဲအထိ ပါဝင္ႏုိင္ခဲ႔ေပမယ့္လည္း ပြဲအမ်ားစုမွာကေတာ့ ဒုတိယပုိင္းအတြင္းမွာမွ ဝင္ေရာက္ကစားခဲ႔ရတာျဖစ္လိ႔ု ဒါကုိ စိတ္ပ်က္ေနရတဲ႔ လူမာက ဇန္နဝါရီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းကေန ထြက္ခြာသြားဖုိ႔ စဥ္းစားလာခဲ႔ၿပီး လန္ဒန္အေျခစုိက္အသင္းမ်ားျဖစ္တဲ႔ အာဆင္နယ္နဲ႔စပါးအသင္းတုိ႔ကေနလည္း လူမာကုိ ေခၚယူႏုိင္ဖုိ႔ အၿပိဳင္ႀကိဳးစားလာခဲ႔တာပဲျဖစ္ပါတယ္။

Photo Credit : Football.London

လူမာကုိ အာဆင္နယ္အသင္းကေန စတင္စိတ္ဝင္စားခဲ႔တာျဖစ္ၿပီးေတာ့ မုိနာကုိကေန အသက္လက္တီကုိအသင္းဆီ မေျပာင္းေရႊ႕ခင္ကတည္းက လူမာဟာ အာဆင္နယ္အသင္းသားျဖစ္လာဖုိ႔ အရမ္းကုိ နီးစပ္ခဲ႔ဖူးၿပီး အာဆင္နယ္ဘက္က ကမ္းလွမ္းခဲ႔တဲ႔ ေျပာင္းေရႊ႕ေၾကးက နည္းပါးခဲ႔လုိ႔ အေျပာင္းအေရႊ႕မျဖစ္လာခဲ႔ရတာျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း အာဆင္နယ္ရဲ႕လန္ဒန္ဒါဘီၿပိဳင္ဘက္အသင္း စပါးက လူမာအတြက္ ကမ္းလွမ္းမႈအျဖစ္ ကနဦးမွာ ရာသီအကုန္အထိ အငွားေခၚယူမွာျဖစ္ၿပီး အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ ယူရုိသန္း၆၀နဲ႔ အၿပီးသတ္ဝယ္ယူမယ့္ ကမ္းလွမ္းမႈတစ္ရပ္ကုိ ျပဳလုပ္လုိက္ပါတယ္။ လူမာဟာ ဒီႏွစ္အတြင္းမွာ က်င္းပသြားမယ့္ ယူရုိ-၂၀၂၀ ၿပိဳင္ပြဲမွာ ျပင္သစ္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံရဖုိ႔အတြက္ ပြဲထြက္ကစားခြင့္ အေရအတြက္မ်ားစြာ ရရွိႏုိင္မယ့္ အသင္းတစ္သင္းသင္းဆီကုိ ေျပာင္းေရႊ႕ခ်င္ေနပါတယ္။

(Unicode)

လူမာကို ခေါ်ယူဖို့အတွက် အာဆင်နယ်ထက် လက်ဦးနိုင်ဖွယ်ရှိနေတဲဲ့ စပါး

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ မိုနာကိုအသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ ပွဲထွက်ကစားခွင့်တွေ အတော်လေးနည်းပါးနေခဲ့ရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား သောမတ်စ်လူမာက အခုဆောင်းရာသီစျေးကွက်မှာပဲ အသင်းကို စွန့်ခွာသွားဖို့ အစီအစဉ်ရှိနေပြီး သူ့ကိုလည်း အာဆင်နယ် စပါး အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြသလို အခုဆိုရင် စပါးအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်လာခဲဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်၂၄နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား လူမာဟာ ဒီရာသီမှာ အသက်လက်တီကိုအသင်းအတွက် စပိန်လာလီဂါ၇ပွဲပဲ ပွဲထွက်ကစားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ၁ပွဲပဲ ပွဲထွက်ကစားခဲ့ရပါတယ်။ ဒီရာသီအတွင်း လူမာက အသက်လက်တီကိုအတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲဲအထိ ပါဝင်နိုင်ခဲ့ပေမယ့်လည်း ပွဲအများစုမှာကတော့ ဒုတိယပိုင်းအတွင်းမှာမှ ဝင်ရောက်ကစားခဲ့ရတာဖြစ်လို့ ဒါကို စိတ်ပျက်နေရတဲ့ လူမာက ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ အသင်းကနေ ထွက်ခွာသွားဖို့ စဉ်းစားလာခဲ့ပြီး လန်ဒန်အခြေစိုက်အသင်းများဖြစ်တဲ့ အာဆင်နယ်နဲ့စပါးအသင်းတို့ကနေလည်း လူမာကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားလာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Football.London

လူမာကို အာဆင်နယ်အသင်းကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီးတော့ မိုနာကိုကနေ အသက်လက်တီကိုအသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက လူမာဟာ အာဆင်နယ်အသင်းသားဖြစ်လာဖို့ အရမ်းကို နီးစပ်ခဲ့ဖူးပြီး အာဆင်နယ်ဘက်က ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးက နည်းပါးခဲ့လို့ အပြောင်းအရွှေ့မဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အာဆင်နယ်ရဲ့လန်ဒန်ဒါဘီပြိုင်ဘက်အသင်း စပါးက လူမာအတွက် ကမ်းလှမ်းမှုအဖြစ် ကနဦးမှာ ရာသီအကုန်အထိ အငှားခေါ်ယူမှာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာ ယူရိုသန်း၆၀နဲ့ အပြီးသတ်ဝယ်ယူမယ့် ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်လိုက်ပါတယ်။ လူမာဟာ ဒီနှစ်အတွင်းမှာ ကျင်းပသွားမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပွဲထွက်ကစားခွင့် အရေအတွက်များစွာ ရရှိနိုင်မယ့် အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။