တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းရဲ့ လက်ရှိ ဂိုးသမားကြီးဖြစ်သူ ဟူဂိုလိုရစ်ရဲ့နေရာမှာ ရေရှည် အစားထိုးနိုင်ဖို့အတွက် ဂိုးသမားတစ်ဦး ရှာဖွေလျက် ရှိနေရာ အဲဗာတန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ Sunday Mirror ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

Man United, Tottenham and Chelsea all consider a move for Everton  goalkeeper Jordan Pickford | Daily Mail Online

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပါးအသင်းခေါင်းဆောင် ပြင်သစ်ဂိုးသမား လိုရစ်ဟာ အသက်အရွယ်လည်း ကြီးရင့်နေပြီဖြစ်သလို အသင်းနဲ့ကလည်း ၂၀၂၄ခုနှစ်အထိသာ စာချုပ်သက်တမ်း ရှိနေတော့ဖြစ်လို့ သူ့နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို စပါးဘက်က ရှာဖွေလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ်ရာယာတို့ကို စိတ်ဝင်စားလျက် ရှိနေပြီး သူတို့နှစ်ဦးထဲမှာတော့ ပရီးမီးယားလိဂ် အတွေ့အကြုံ ပိုရှိတဲ့ ပစ်ဖို့ဒ်ကို ပိုမို အလိုရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၈)နှစ်အရွယ်ရှိ ဆန်းဒါးလန်း အကယ်ဒမီထွက် ဂိုးသမား ပစ်ဖို့ဒ်ဟာ ၂၀၁၇ခုနှစ်ကတည်းက အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဗာတန်အတွက်ရော အင်္ဂလန်အသင်းအတွက်ပါ နံပါတ်တစ်ဂိုးသမား ဖြစ်နေရပါတယ်။ ပစ်ဖို့ဒ်ဟာလည်း လာမဲ့ ၂၀၂၄ခုနှစ်မှာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အဲဗာတန်ကလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်သလို တကယ်လို့ အသင်းကပါ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရမယ်ဆိုရင် ပစ်ဖို့ဒ်လို ကစားသမားမျိုးတွေကို မဖြစ်မနေ ရောင်းထုတ်သွားရနိုင်ပါတယ်။ ဒီလို အခြေအနေတွေ ရှိလို့နေတဲ့ ပစ်ဖို့ဒ်ကို စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကနေ အပြိုင် စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းဖို့ အခြေအနေပေးလာတာနဲ့ အပြိုင်အဆိုင် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ လိုရစ် ဖော်စတာ အော်စတင် ဂိုးသမား(၃)ဦး ပိုင်ဆိုင်ထားခဲ့ပြီး ဖော်စတာက ဒီရာသီထဲ အသင်းအတွက် (၄)ပွဲသာ ကစားထားရသလို အော်စတင်ကတော့ တစ်ပွဲမှကို မပါဝင်ထားခဲ့ရသေးပဲ ရှိနေပါတယ်။