MySport Myanmar

ဘာစီလိုနာ ကွင်းလယ်လူ ကတ်ဆေးကို ပေါင်(၁၃)သန်းနဲ့ ကမ်းလှမ်းထားတဲ့ စပါး

စပိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်လူ ကတ်ဆေးဟာ ဒီနှစ်နွေရာသီကမှ အေစီမီလန်ကနေ ဘာစီလိုနာအသင်းဆီ free transfer နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲ ကစာထားခဲ့ရကာ အဲ့ဒီထဲကမှ (၅)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ်နဲ့ ကစားထားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်မှာ ဒီဂျောင် ပတ်ဒရီ ဘူးစကတ်စ်တို့ကိုသာ အမြဲတမ်းနီးပါး နေရာပေးတတ်တာဖြစ်လို့ ကတ်ဆေးအတွက်တော့ ကစားခွင့် အကန့်အသတ်နဲ့သာ ဖြစ်နေရပြီး သူရဲ့ ဘာစီလိုနာ ကစားသမားဘဝ အနာဂတ် အခြေအနေဟာလည်း မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ကတ်ဆေးကို စပါးအသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ စပိန်သတင်းမီဒီယာ SPORT ကနေ ဖော်ပြလာပါတယ်။ စပါးနည်းပြ အန်တိုနီယိုကွန်တီက ကတ်ဆေးကို အေစီမီလန်အသင်းမှာ ကစားခဲ့စဉ်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ခေါ်ယူဖို့လည်း ကြိုးပမ်းခဲ့ဖူးသလို အခု ဘာစီလိုနာမှာ အခြေမကျ ဖြစ်နေရချိန်မှာလည်း ကတ်ဆေးကို အရခေါ်ယူဖို့ ထပ်ပြီး ကြိုးပမ်းလာပါတယ်။ ဒါပေမယ့် Sportmail သတင်းမီဒီယာရဲ့ ဖော်ပြချက်ထဲမှာတော့ စပါးအသင်းဟာ ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်ခင်မှာ အသင်း ကစားသမားတွေကို ရောင်းချခြင်း ဒါမှမဟုတ် အငှားချခြင်းတွေ အရင်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ စပါးအသင်းဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ်(၇)ဦး ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၇၀)အထိ အသုံးပြုထားပြီး ကစားသမား ရောင်းချမှုကနေ ယူရို(၃၉)သန်းသာ အသင်းရဲ့ ရရှိထားတဲ့အတွက် အသားတင် သုံးစွဲမှုဟာ ယူရိုသန်း(၁၃၀)လောက်အထိ ရှိနေရတဲ့အတွက် ဆောင်းဈေးကွက်ထဲ ကစားသမား ရောင်းချမှု မရှိပဲ ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့က ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version