စပါအသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို ပိုပြီး ပံ့ပိုးပေးနိုင်ဖို့ နာပိုလီအသင်းရဲ့ တိုက်စစ်မှူး မီလစ်ခ်ကို အသင်းရဲ့ တောင်ပံ ကစားသမား လူကပ် မော်ရာနဲ့ အလဲအထပ် ပြုလုပ်ပြီး ခေါ်ယူချင်နေတယ်လို့ Dailymail သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စပါအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းအနေနဲ့ အနာဂတ်မှာ စပါးအသင်းကနေ ထွက်သွားပြီ ဆိုရင်လည်း သူ့ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူးကို ကြိုတင် ရှာနေတာ ဖြစ်ပြီး လက်ရှိမှာ နာပိုလီအသင်းရဲ့ တိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Dailymail

စပါးအသင်းဟာ နာပိုလီ တိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူနိုင်ဖို့ စီးရီးအေ အသင်းကြီး ဂျုဗင်တပ် အသင်းနဲ့ ပြိုင်ဆိုင်နေရတာ ဖြစ်ပြီး နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာလည်း တိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူနိုင်ဖို့ နာပိုလီအသင်းနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့လည်း နာပိုလီအသင်းရဲ့ ဥက္ကဌ အော်ရီလီယို လောရန်တီးစ် (Aurelio Laurentiis) ဟာ စပါးအသင်းရဲ့ တောင်ပံ ကစားသမား မော်ရာကို စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ နှစ်က မော်ရာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့လည်း စပါး နည်းပြဟောင်း ပိုချယ်တီနိုက ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit:  Dailymail

လက်ရှိ အပြောင်းအရွေ့နဲ့ ပက်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ တာဝန်ရှိတာက ကစားသမား မီလစ်ခ် ကိုယ်တိုင် ဖြစ်ပေမယ့်လည်း စပါးအသင်း နဲ့ နာပိုလီအသင်းတို့ရဲ့ကြားမှာ မီလစ်ခ်ရဲ့ အပြောင်းအရွေ့ကို သဘောတူညီမှု ရရှိနိုင်ပါတယ်လို့ Dailymail က ဖော်ပြပါတယ်။ တောင်ပံ ကစားသမား မော်ရာဟာ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စပါးအသင်းအတွက် ဟယ်ထရစ် (၃) ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ရုန်းကန်လာခဲ့ရပြီး စပါအသင်းအတွက် နောက်ဆုံး သွင်းဂိုး သွင်းယူနိုင်ခဲ့တာကတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ဖြစ်ပါတယ်။ မီလစ်ခ်ဟာ လာမယ့် (၂၀၂၁) ခုနှစ်၊ ဇွန်လ၊ (၃၀) ရက်နေ့မှာ နာပိုလီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ် ထပ်တိုးဖို့ ဆန္ဒမရှိတာကြောင့် စပါးအသင်းကို ပြောင်းလာနိုင်ချေရှိပါတယ်။