တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားဖြစ်သူ ကလီးမန့်လွန်းဂလတ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ နီးစပ်နေပြီး ဘာစီလိုနာအသင်းကလည်း အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ FFP စည်းမျဉ်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် လွန်းဂလတ်ကို ရှင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Clement Lenglet is close to agreeing a deal to join Tottenham on loan this season

Photo Credit : Daily Mail

စပါးအသင်းဟာ လက်ရှိမှာ ကစားသမားသစ် (၃)ယောက်ကို ခေါ်ယူဖြည့်တင်းထားခဲ့ပေမယ့်လည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ထပ်မံဖြည့်တင်းချင်နေပြီး လတ်တလောမှာလည်း ဘာစီလိုနာနဲ့ လမ်းခွဲရဖို့ နီးစပ်နေသူ လွန်းဂလတ်ကို ခေါ်ယူသွားချင်နေပါတယ်။ စပါးအသင်းက လွန်းဂလတ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီလို့ စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပေမယ့် စပါးနည်းပြ အန်တိုနီယိုကွန်တီကတော့ လွန်းဂလတ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အဖြေတစ်ခုကို ချက်ချင်း အလိုရှိနေပါတယ်။

Tottenham: Source makes Lenglet claim | The Transfer Tavern

Photo Credit : The Transfer Traven

စပါးအသင်းဟာ ပါရီဆစ် ဖော်စတာ ဘစ်ဆူးမားတို့ (၃)ဦးကို ခေါ်ယူထားခဲ့ပေမယ့် ပါရီဆစ်နဲ့ ဖော်စတာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဘစ်ဆူးမားတစ်သီးတည်းကိုသာ ပြောင်းရွှေ့ကြေး ယူရို(၂၉)သန်းတည်းနဲ့ ခေါ်ယူထားတာဖြစ်လို့ နောက်ထပ် ကစားသမား ခေါ်ယူမှုတွေအတွက် ငွေကြေးသုံးစွဲမှုတွေကို ဆက်တိုက် လုပ်ဆောင်နေနိုင်တာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ စပါးနည်းပြ ကွန်တီက ဘာစီလိုနာ နောက်ခံလူ လွန်းဂလတ်ကို တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူမှုနဲ့ ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းမှုကိုလည်း ဘာစီလိုနာဘက်က လက်ခံသွားဖို့ အခြေအနေရှိနေတာပေမယ့်လည်း ကစားသမားဘက်က အဖြေကျန်နေသေးတာကြောင့် ဒီအဖြေ ကွန်တီဘက်က အမြန်ဆုံး အလိုရှိနေပြီး တကယ်လို့ လွန်းဂလတ်ဘက်က လက်မခံဘူးဆိုရင် နောက်ထပ် ခံစစ်ကစားသမားတွေကို ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေပါတယ်။ စပါးအသင်းဟာ လတ်တလောမှာ ဘရာဇီးလ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန် ရာဖင်ညာတို့ကို ခေါ်ယူသွားဖို့ ဆက်သွယ်ကြိုးပမ်းလျက် ရှိနေတဲ့အပြင် ခံစစ်ပိုင်းအတွက်ကိုလည်း ဗီလာရီးယဲလ် နောက်ခံလူ ပါအူတောရက်စ်နဲ့ လိုက်ပ်ဇစ် နောက်ခံလူ ယို့စ်ကိုဂါဗာဒီယိုတို့ကိုပါ အလိုရှိနေပြီး တကယ်လို့ လွန်းဂလတ်ကိုသာ မခေါ်ယူနိုင်ခဲ့ရင် တောရက်စ်နဲ့ ဂါဗာဒီယိုတို့ တစ်ဦးဦးကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။