စပါးအသင်းရဲ့နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုကတော့ သူကိုယ်တိုင်ခဲ့ဖူးသမျှ အသင်းတွေဆီ ပေါ်တူဂီနိုင်ငံသား ကစားသမားတွေနဲ့ ပေါ်တူဂီလိဂ်က ကစားသမားတွေကို ခေါ်ယူခဲ့ဖူးသလို မကြာသေးခင်ကလည်း ဘင်ဖီကာအသင်းရဲ့ပေါ်တူဂီလူငယ်ကစားသမားလေး ဂတ်စ်ဆင်ဖာနန်ဒက်စ်ကိုပါ ထပ်မံခေါ်ယူခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ်ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံကစားသမားဖြစ်တဲ့ ဂျာအိုကန်ဆယ်လိုကို မန်စီးတီးအသင်းကနေ ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပြီး ဒီဆောင်းဈေးကွက်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိလို့နေပါတယ်။
အသက်၂၅နှစ်အရွှယ်ရှိ နောက်ခံအစွန်လူကန်ဆယ်လိုဟာ ဒီနှစ်နွေဈေးကွက်အတွင်းကမှ ဂျုဗင်တပ်စ်အသင်းကနေ  မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကိုင်လီဝေါ်ကာရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပါဝင်ကစားနေရကာ ပွဲထွက်ခွင့်တွေ နည်းပါးလို့နေတာကြောင့် ဒီဆောင်းရာသီဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လို အစောပိုင်းတုန်းက သူရဲ့အသင်းဟောင်း ဗလင်စီယာအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီသတင်းတွေကို မန်စီးတီးအသင်းဘက်ကနေ ပြန်လည်ငြင်းဆန်ခဲ့ပြီး ကန်ဆယ်လိုအနေနဲ့ အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
(Unicode)
မန်စီးတီးရဲ့ပေါ်တူဂီကစားသမားကို ခေါ်ယူဖို့ ဆက်သွယ်လို့နေတဲဲ့ မော်ရင်ဟို
စပါးအသင်းရဲ့နည်းပြြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုကတော့ သူကိုယ်တိုင်ခဲ့ဖူးသမျှ အသင်းတွေဆီ ပေါ်တူဂီနိုင်ငံသား ကစားသမားတွေနဲ့ ပေါ်တူဂီလိဂ်က ကစားသမားတွေကို ခေါ်ယူခဲ့ဖူးသလို မကြာသေးခင်ကလည်း ဘင်ဖီကာအသင်းရဲ့ပေါ်တူဂီလူငယ်ကစားသမားလေး ဂတ်စ်ဆင်ဖာနန်ဒက်စ်ကိုပါ ထပ်မံခေါ်ယူခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ်ပေါ်တူဂီလက်ရွေးစင် ညာနောက်ခံကစားသမားဖြစ်တဲ့ ဂျာအိုကန်ဆယ်လိုကို မန်စီးတီးအသင်းကနေ ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပြီး ဒီဆောင်းစျေးကွက်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိလို့နေပါတယ်။
Photo Credit : talkSPORT
အသက်၂၅နှစ်အရွှယ်ရှိ နောက်ခံအစွန်လူကန်ဆယ်လိုဟာ ဒီနှစ်နွေစျေးကွက်အတွင်းကမှ ဂျုဗင်တပ်စ်အသင်းကနေ  မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကိုင်လီဝေါ်ကာရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပါဝင်ကစားနေရကာ ပွဲထွက်ခွင့်တွေ နည်းပါးလို့နေတာကြောင့် ဒီဆောင်းရာသီစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လို အစောပိုင်းတုန်းက သူရဲဲ့အသင်းဟောင်း ဗလင်စီယာအသင်းနဲဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီသတင်းတွေကို မန်စီးတီးအသင်းဘက်ကနေ ပြန်လည်ငြင်းဆန်ခဲ့ပြီး ကန်ဆယ်လိုအနေနဲ့ အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
Photo Credit : Daily Mail
ဒါပေမယ့်လည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ပွဲပဲ ပါဝင်ကစားထားရသေးတဲ့ ကန်ဆယ်လိုကို ဒီထက်ပိုမိုတဲဲ့ ပွဲထွက်ခွင့် အခွင့်အရေးတွေပေးသွားမယ်ဆိုတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲဲ့ စပါးနည်းပြ မော်ရင်ဟိုက ချဉ်းကပ်လာခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိရာသီမှာ ညာနောက်ခံလူတွေအဖြစ် အော်ရီယာ ဝေါ်တာပီတာစ်တို့ကိုသာ အသုံးပြုနေရပြီး ကစားသမားနှစ်ယောက်လုံးက အကောင်းဆုံးပုံစံမှာ သိပ်မရှိနေသေးတာကြောင့် သူတို့ရဲ့နေရာမှာ ကန်ဆယ်လိုကို အစားထိုးချင်နေတာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့က ခက်ခဲနိုင်တာကြောင့် ကာလတိုအငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ပွဲဆက်တွေ အရမ်းများပြားလာမှာဖြစ်လို့ ကစားသမားအလှည့်ကျသုံးဖို့ လိုအပ်လာမှာဖြစ်တဲဲ့အတွက်ကြောင့် ကန်ဆယ်လိုကို အသင်းကနေ လက်လွတ်ဖို့ဆိုတာ ခက်ခဲနိုင်ပေမယ့်လည်း သတင်းမီဒီယာတချို့ရဲ့ဖော်ပြချက်မှာတော့ စပါးအသင်းကို ကန်ဆယ်လိုရောက်လာဖို့ နီးစပ်နေတယ်လို့ သိရှိရပါတယ်။