စပါးအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း၊ လက်ရှိ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမား မိုဒရစ်ကတော့ စပါး နည်းပြ မော်ရင်ဟိုဟာ လိဂ်တိုင်းမှာ ဖလားတွေ ရရှိခဲ့ပြီး စပါးအသင်းနဲ့လည်း ဖလားတွေ ရရှိဖို့ မျှော်လင့်ပါတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ စပါး နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီက ရာသီဝက်၊ နိုဝင်ဘာလမှာ နည်းပြ ပိုချယ်တီနိုရဲ့ နေရာကို အစားထိုး ဝင်ရောက်လာပြီးနောက် စပါးနည်းပြသစ် ဖြစ်လာခဲ့ပြီး လာမယ့် ရာသီသစ်က အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ စပါးအသင်းကို ပထမဆုံး ရာသီပြည့် နည်းပြမှု ဖြစ်နိုင်ပါတယ်။

 

Photo Credit: Goal

စပါးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ မော်ရင်ဟို မရောက်လာခင်မှာ အဆင့် (၁၀) အောက်ကို ရောက်ရှိနေခဲ့ပေမယ့်လည်း နည်းပြ မော်ရင်ဟို ရောက်ရှိလာပြီးတဲ့နောက် အဆင့် (၆) နေရာကို ရရှိပြီး ရာသီကုန်ခဲ့တာကြောင့် ဥရောပ ယူရိုပါလိဂ် ဝင်ခွင့်ကိုလည်း ပြန်လည် ရရှိသွားခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ရောက်လာရာ လိဂ် ပြိုင်ပွဲက ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတိုင်းမှာ ဖလားတွေ တစ်ခုမဟုတ်၊ တစ်ခု ရရှိနိုင်ခဲ့တာ ဖြစ်ပြီး စပါး ကွင်းလယ် ကစားသမားဟောင်း မိုဒရစ်ကတော့ မော်ရင်ဟိုအနေနဲ့ စပါးအသင်းမှာလည်း ဖလားတွေ ရရှိဖို့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

မိုဒရစ်ဟာ မော်ရင်ဟိုအနေနဲ့ စပါးအသင်းမှာ အောင်မြင်တဲ့ သမိုင်းသစ်ကို စတင်သွားနိုင်မလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “လုံးဝသေချာပါတယ်။ ကျွန်တော် သူ့ကို ချစ်ချင်ကြင်နာမှု ရှိတယ်။ စပါးအသင်းက သူ့ကို နည်းပြသစ် အဖြစ် ခန့်ခဲ့တာက ကြီးမားတဲ့ လုပ်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် မော်ရင်ဟိုက အောင်နိုင်သူပါ။ သူက အီတလီ၊ အင်္ဂလန် နဲ့ စပိန်မှာ အောင်မြင်မှု ရရှိခဲ့ပြီး ဘယ်လို အောင်မြင်ရမလဲ ဆိုတာ သိပါတယ်။ သူ စပါးအသင်းမှာလည်း အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ပါတယ်။ သူကို ခေါ်ယူနိုင်တာက စပါးအသင်းအတွက် ကြီးမားတဲ့ အရာ ဖြစ်တယ်။ သူက လိဂ်တိုင်းမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ လူတွေက သူ့ကို မန်ယူအသင်းမှာ မအောင်မြင်ဘူး ပြောကြပါတယ်။ ဒါပေမယ့် သူ ယူရိုပါလိဂ် နဲ့ လိဂ်ဖလား ရရှိခဲ့ပါတယ်”လို့ ပြောကြားသွားပါတယ်။