စပါးအသင်းဟာ အခု ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အမ်ဒွန်ဘီလီ ဒိုဟာသီ ဘာ့ဂျ်ဝင်းနဲ့ ဒယ်လီအလီတို့ထဲက ကစားသမားတချို့ကို ရောင်းထုတ်သွားပြီး အသင်းရဲ့ အဓိကပစ်မှတြ်ဖစ်တဲ့ ဝုလ်ဗ် တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : Daily Star
စပါးအသင်းအနေနဲ့ ဇန်နဝါရီ စျေးကွက်အတွင်းမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက ငြိမ်သက်နေရပြီး စပါးနည်းပြ အန်တိုနီယိုကွန်တီကလည်း အသင်းရဲ့ လက်ရှိလူအင်အားကို ထပ်မံအားဖြည့်ဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုထားတာဖြစ်လို့ အသင်းဘက်ကနေ အဒမ်မာထရာအိုရေးကို ခေါ်ယူပေးဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဒဏ်ရာပြသာနာကြောင့် အနားယူနေရချိန် သူရဲ့နေရာအတွက် ထရာအိုရေးနဲ့ အစားထိုးသွားချင်နေပြီး ဆွန်ဟောင်မင် ပြန်လည်သက်သာလာချိန်မှာလည်း ဟာရီကိန်း ဆွန်ဟောင်မင် ထရာအိုရေး တိုက်စစ်အတွဲအဖက်ကို တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။
Photo Credit : GiveMeSport
အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ညာတောင်ပံ ကစားသမား ထရာအိုရေးဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ အရန်အသင်း အက်စတွန်ဗီလာနဲ့ မစ်ဒယ်ဘရော့အသင်းတွေမှာပါ ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ခုနှစ်မှ ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ထရာအိုရေးကို စပါးအသင်းအပြင် သူရဲ့အသင်းဟောင်း ဘာစီလိုနာကလည်း အလိုရှိနေပြီး ခေါ်ယူမှုတွေ လုပ်ဆောင်သွားချင်နေပေမယ့် ဝုလ်ဗ်အသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားကို အနည်းဆုံး ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ ဒီလို အခြေအနေတွေ ရှိနေပေမယ့်လည်း စပါးနည်းပြကွန်တီက အသင်းအတွက် တောင်ပံကစားသမားတစ်ဦး အလိုရှိတယ်လို့ အသင်းတာဝန်ရှိသူတွေကို တင်ပြထားတာကြောင့် ကနဦးအနေနဲ့ အသင်းရဲ့ ကစားမားတချို့ကို အရင်ရောင်းချသွားပြီး ရောင်းချမှုတွေ အပြီးမှာ ထရာအိုရေးအတွက် ထပ်မံကမ်းလှမ်းလာဖွယ် ရှိနိုင်ပါတယ်။