မန္ခ်က္စတာယူႏုိက္တက္အသင္းက စပုိ႔တင္းလစၥဘြန္းအသင္းက ဘရူႏုိဖာနန္ဒက္စ္ကုိ အၿပီးသတ္မေခၚယူႏုိင္ခင္မွာ စပါးအသင္းကေတာ့ ဘင္ဖီကာအသင္းရဲ႕Playmaker ေလးျဖစ္တဲ႔ ဂတ္စ္ဆန္ဖာနန္ဒက္စ္ကုိ ဒီေန႔မွာပဲ ၁၈လတာအငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ခဲ႔လုိက္ၿပီျဖစ္ၿပီး အငွားသက္တမ္းျပည့္ခ်ိန္မွာ ေျပာင္းေရႊ႕ေၾကး ေပါင္၄၅သန္းနဲ႔ အၿပီးသတ္ေျပာင္းေရႊ႕မယ္လုိ႔ သတင္းထြက္လုိ႔ေနပါတယ္။ ဖာနန္ဒက္စ္ကေတာ့ စပါးအတြက္ နည္းျပေမာ္ရင္ဟုိ ပထမဆုံးေခၚယူခဲ႔တဲ႔ ကစားသမားသစ္တစ္ေယာက္လည္း ျဖစ္လာခဲဲ႔ရပါတယ္။

Photo Credit : Youtube

အသက္၂၁ႏွစ္အရႊယ္ရွိၿပီး ေပၚတူဂီလူငယ္ကစားသမားေလး ဖာနန္ဒက္စ္ဟာ သူရဲ႕ေျခစြမ္းေတြေၾကာင့္ ဥေရာပအသင္းေတြရဲ႕ပစ္မွတ္ျဖစ္လာခဲဲ႔ၿပီး မၾကာေသးခင္ကမွ ဝက္စ္ဟမ္းအသင္းနဲ႔ သတင္းထြက္ခဲ႔ကာ အသင္းကုိေရာက္ဖုိ႔ အေတာ္ေလးနီးစပ္ခဲဲ႔ပါေသးတယ္။ ဒါေပမယ့္ စပါးအသင္းက ဝက္စ္ဟမ္းလက္ထဲကေန ဖာနန္ဒက္စ္ကုိ လုယူႏုိင္ခဲ႔ၿပီး ကနဦးမွာ အငွားနဲ႔ကမ္းလွမ္းခဲ႔ၿပီး အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ ေပါင္၄၅သန္းနဲ႔ အၿပီးသတ္ေခၚယူမယ္ဆုိတဲ႔ ကမ္းလွမ္းမႈတစ္ရပ္နဲ႔ ကမ္းလွမ္းခဲ႔ရာမွာ ဘင္ဖီကာအသင္းဘက္ကေန လက္ခံခဲ႔တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ စပါးအသင္းမွာ ေက်ာနံပါတ္၃၀ကုိ ဝတ္ဆင္ကစားသြားမယ္လုိ႔လည္း သိရွိရပါတယ္။

Photo Credit : Yahoo Sports

ဖာနန္ဒက္စ္ဟာ အသင္းကေန ထြက္ခြာသြားေတာ့မယ့္ အဲရစ္ဆင္ရဲ႕ေနရာအတြက္ အစားထုိးျဖည့္တင္းမႈတစ္ရပ္ျဖစ္ႏုိင္ၿပီး အခုလုိ စပါးအသင္းသား ျဖစ္လာခဲ႔တဲ႔အေပၚ ဖာနန္ဒက္စ္က “ေဘာလုံးသမားတုိင္းလုိလုိက ပရီးမီးယားလိဂ္လုိ ၿပိဳင္ပြဲႀကီးမွာ လာေရာက္ကစားခ်င္ၾကတာပါ။ ဒီစိတ္ကူးက ကြ်န္ေတာ္အတြက္လည္း စိတ္အားထက္သန္မႈ ျဖစ္ေစခဲ႔ရပါတယ္။ အခုေတာ့ ဒီအိမ္မက္ေတြက လက္ေတြ႕ျဖစ္လာခဲ႔ရပါၿပီ။ ကြ်န္ေတာ္ စပါးအသင္းသားေတြအေၾကာင္းကုိ သိထားပါတယ္။ ဘာလုိ႔လဲဆုိေတာ့ စပါးပြဲေတြကုိ ၾကည့္ရွုထားခဲ႔ဖူးသလုိ ဆစ္ဆုိခုိ အဲရစ္ဒုိင္ယာတုိ႔နဲ႔ကလည္း ရင္းႏွီးထားလုိ႔ပါ။ လူငယ္ကစားသမားေတြ အမ်ားစုကလည္း ဂ်ိဳေဆးေမာ္ရင္ဟုိလုိ ကမာၻေက်ာ္နည္းျပႀကီးလက္ေအာက္မွာ ပါဝင္ကစားခ်င္ၾကမွာပဲေလ။  သူက တကယ့္ကုိ အံ့အားသင့္စရာေကာင္းတဲ႔ နည္းျပတစ္ေယာက္မုိ႔ပါ။ ကြ်န္ေတာ္အေနနဲ႔ ကြ်န္ေတာ္အရမ္းေလးစားရတဲ႔ ခရစၥတီယာႏုိေရာ္နယ္ဒုိရဲ႕ေျခရာကုိ အမွီလုိက္ႏုိင္ဖုိ႔ ႀကိဳးစားသြားမွာပါ” လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိ႔သြားခဲ႔ပါတယ္။

(Unicode)

စပါးအတွက် မော်ရင်ဟိုရဲ့ပထမဆုံး လူခေါ်ယူမှုဖြစ်လာခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်လေး ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းက စပို့တင်းလစ္စဘွန်းအသင်းက ဘရူနိုဖာနန်ဒက်စ်ကို အပြီးသတ်မခေါ်ယူနိုင်ခင်မှာ စပါးအသင်းကတော့ ဘင်ဖီကာအသင်းရဲ့Playmaker လေးဖြစ်တဲ့ ဂတ်စ်ဆန်ဖာနန်ဒက်စ်ကို ဒီနေ့မှာပဲ ၁၈လတာအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့လိုက်ပြီဖြစ်ပြီး အငှားသက်တမ်းပြည့်ချိန်မှာ ပြောင်းရွှေ့ကြေး ပေါင်၄၅သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့မယ်လို့ သတင်းထွက်လို့နေပါတယ်။ ဖာနန်ဒက်စ်ကတော့ စပါးအတွက် နည်းပြမော်ရင်ဟို ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားသစ်တစ်ယောက်လည်း ဖြစ်လာခဲဲ့ရပါတယ်။

Photo Credit : Youtube

အသက်၂၁နှစ်အရွှယ်ရှိပြီး ပေါ်တူဂီလူငယ်ကစားသမားလေး ဖာနန်ဒက်စ်ဟာ သူရဲ့ခြေစွမ်းတွေကြောင့် ဥရောပအသင်းတွေရဲ့ပစ်မှတ်ဖြစ်လာခဲဲ့ပြီး မကြာသေးခင်ကမှ ဝက်စ်ဟမ်းအသင်းနဲ့ သတင်းထွက်ခဲ့ကာ အသင်းကိုရောက်ဖို့ အတော်လေးနီးစပ်ခဲဲ့ပါသေးတယ်။ ဒါပေမယ့် စပါးအသင်းက ဝက်စ်ဟမ်းလက်ထဲကနေ ဖာနန်ဒက်စ်ကို လုယူနိုင်ခဲ့ပြီး ကနဦးမှာ အငှားနဲ့ကမ်းလှမ်းခဲ့ပြီး အငှားစာချုပ်ပြည့်ချိန်မှာ ပေါင်၄၅သန်းနဲ့ အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ရာမှာ ဘင်ဖီကာအသင်းဘက်ကနေ လက်ခံခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပါးအသင်းမှာ ကျောနံပါတ်၃၀ကို ဝတ်ဆင်ကစားသွားမယ်လို့လည်း သိရှိရပါတယ်။

Photo Credit : Yahoo Sports

ဖာနန်ဒက်စ်ဟာ အသင်းကနေ ထွက်ခွာသွားတော့မယ့် အဲရစ်ဆင်ရဲ့နေရာအတွက် အစားထိုးဖြည့်တင်းမှုတစ်ရပ်ဖြစ်နိုင်ပြီး အခုလို စပါးအသင်းသား ဖြစ်လာခဲ့တဲ့အပေါ် ဖာနန်ဒက်စ်က “ဘောလုံးသမားတိုင်းလိုလိုက ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးမှာ လာရောက်ကစားချင်ကြတာပါ။ ဒီစိတ်ကူးက ကျွန်တော်အတွက်လည်း စိတ်အားထက်သန်မှု ဖြစ်စေခဲ့ရပါတယ်။ အခုတော့ ဒီအိမ်မက်တွေက လက်တွေ့ဖြစ်လာခဲ့ရပါပြီ။ ကျွန်တော် စပါးအသင်းသားတွေအကြောင်းကို သိထားပါတယ်။ ဘာလို့လဲဆိုတော့ စပါးပွဲတွေကို ကြည့်ရှုထားခဲ့ဖူးသလို ဆစ်ဆိုခို အဲရစ်ဒိုင်ယာတို့နဲ့ကလည်း ရင်းနှီးထားလို့ပါ။ လူငယ်ကစားသမားတွေ အများစုကလည်း ဂျိုဆေးမော်ရင်ဟိုလို ကမ္ဘာကျော်နည်းပြကြီးလက်အောက်မှာ ပါဝင်ကစားချင်ကြမှာပဲလေ။  သူက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ နည်းပြတစ်ယောက်မို့ပါ။ ကျွန်တော်အနေနဲ့ ကျွန်တော်အရမ်းလေးစားရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ခြေရာကို အမှီလိုက်နိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။