ပီအက်စ်ဂျီအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားက စပါးအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး သူအနေနဲ့ လက်ရှိ ပီအက်စ်ဂျီအသင်းမှာသာ ပျော်ရွှင်နေတဲ့အပြင် တကယ်လို့ အင်္ဂလန်ကိုသာ ပြန်လာရမယ်ဆိုရင်လည်း သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ ပြန်သွားမယ်လို့ သိရှိရပါတယ်။

Ander Herrera has ruled out a move to Tottenham as part of a swap deal for Tanguy Ndombele

Photo Credit : Daily Mail

ပီအက်စ်ဂျီအသင်းဟာ စပါးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ရာ အဆင်ပြေခါနီး အနေအထားထိ ဖြစ်ခဲ့ပေမယ့် စပါးအသင်းကနေ ပီအက်စ်ဂျီ ကွင်းလယ်လူ ဟာရဲရားကိုပါ သူတို့အသင်းဆီ အငှားနဲ့ ပြန်လည်စေလွှတ်ပေးဖို့ တောင်းဆိုလာခဲ့ရာ ကစားသမားဘက်ကနေ ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။ ကနဦးပိုင်းက အမ်ဒွန်ဘီလီကိုသာ ပီအက်စ်ဂျီအသင်းဆီ အငှားချသွားဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ စပါးဘက်ကနေ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဝိုင်နယ်လ်ဒမ်း ဟာရဲရားတို့ကိုပါ အငှားနဲ့ ခေါ်ယူဖို့ ပြန်လည်တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

But Herrera is said to be more than happy with life under Mauricio Pochettino at PSG

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဟာရဲရားဟာ ၂၀၁၉ခုနှစ် နွေစျေးကွက်ကမှ ယူနိုက်တက်ကနေ ပီအက်စ်ဂျီအသင်းဆီကို (၅)နှစ်စာချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၉၅)ပွဲအထိ ပါဝင်ကစာထားခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းအတွက် ပွဲပေါင်း(၂၅)ပွဲအထိ ပါဝင်ကစားထားခဲ့တဲ့ ဟာရဲရားကို စပါးအသင်းက အမ်ဒွန်ဘီလီရဲ့အပြောင်းအရွှေ့နဲ့ ဆက်နွယ်ပြီး ပြန်လည်ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့် ဟာရဲရားကတော့ စပါးကို ပြောင်းရွှေ့ခဲ့ကာ လက်ရှိ သူရဲ့ကလပ်အသင်းမှာပဲ ပျော်ရွှင်နေတဲ့အပြင် သူအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်သွားမယ်ဆိုရင်လည်း သူ့အသင်းဟောင်းဖြစ်တဲ့ ယူနိုက်တက်အသင်းကိုသာ ပြန်သွားချင်တယ်လို့ သိရပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ပါ ပျက်ပြယ်သွားခဲ့ရတဲ့ အမ်ဒွန်ဘီလီကို လာလီဂါကလပ် ဗလင်စီယာအသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားဖို့ နီးစပ်လျက် ရှိနေပြီဖြစ်သလို စပါးအသင်းကလည်း အမ်ဒွန်ဘီလီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကို ကွင်းလယ်ကစားသမား အမ်ရာဘတ်ကို အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူသွားဖို့ အခြေအနေကောင်းနေပြီလို့ သိရှိရပါတယ်။