
Photo Credit: Goal


Photo Credit: Goal


{Unicode}

အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားကတော့ အရင်က ဆမ်ဒိုးရီးယားအသင်းမှာ အတူ ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဖာနန်ဒက်စ်အနေနဲ့ မန်ယူသင်းကို ရောက်ရှိလာရင် မန်ယူအသင်းနဲ့ မြန်မြန် အသားကျသွားမာယ်လို့ ပြောခဲ့ပါတယ်။ တော်ရဲရား နဲ့ ဖာနန်ဒက်စ်တို့ဟာ (၂၀၁၆-၁၇) ခုနှစ်က ဆမ်ဒိုးရီးယားအသင်းမှာ အတူတူ ကစားခဲ့ကြပြီး တော်ရဲရားက အာဆင်နယ်အသင်းကို ပြောင်းလာခဲ့သလို၊ ကွင်းလယ်လူ ဖာနန်ဒက်စ်က စပို့တင်းအသင်းကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

တော်ရဲရား နဲ့ ဖာနန်ဒက်စ်တို့ဟာ အရင်က အသင်းဖော် ကစားသမားတွေ ဖြစ်ခဲ့ကြပေမဲ့လည်း လက်ရှိမှာတော့ ဖာနန်ဒက်စ်က မန်ယူအသင်းကို ပြောင်းလာမှာ ဖြစ်တာကြောင့် ပြိုင်ဘက်တွေ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားဟာ အသင်းဖော်ဟောင်း ဖာနန်ဒက်စ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင်ကြရမှာ ဖြစ်ပေမဲ့လည်း ဖာနန်ဒက်စ်ကို မန်ယူအသင်းနဲ မြန်မြန် အသားကျဖို့ မျှော်လင့်တယ်လို့ ကြိုဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားက “ကျွန်တော် ဖာနန်ဒက်စ် မြန်မြန် အသားကျဖို့အတွက် တကယ် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက ချန်ပီယံရှစ်ပြိုင်ပွဲလို ပြင်းထန်လို့ပါပဲ။ သူ မြန်မြန် အသားကျလိမ့်မယ်လို့ ကျွန်တော် သေချာပြောနိုင်ပါတယ်။ သိသာမြင်သာတာက သူဟာ အသင်းကြီး မန်ယူအသင်းကို ပြောင်းသွားမှာပါ။ ဒါကြောင့် သူ အပြောင်းအရွေ့ကို ပျော်ရွှင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ကြိုဆို ပြောသွားလိုက်ပါတယ်။