ရီးရဲလ္မက္ဒရစ္အသင္းရဲ့ အဓိက ကြင္းလယ္ကစားသမားျဖစ္တဲ့ တိုနီက႐ူးစ္ကေတာ့ ယေန႔မနက္မွာ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ ဗလင္စီယာအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ရဲ့ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ ေထာင့္ကန္ေဘာကို ဂိုးထဲသို႔ တိုက္ရိုက္ ကန္သြင္းကာ လွပလြန္းတဲ့ သြင္းဂိုးတစ္ဂိုး သြင္းယူနိုင္ခဲ့တယ္လို႔ သိရပါတယ္။

Photo Credit: Football Addict.com

ယေန႔မနက္ တစ္နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ အဆိုပါပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗလင္စီယာအသင္းကို သုံးဂိုး တစ္ဂိုး ဆိုတဲ့ရလဒ္နဲ႔ ဂိုးျပတ္အနိုင္ရရွိခဲ့သလို ပြဲခ်ိန္အတြင္းမွာလည္း ေျခစြမ္းအသာနဲ႔ ကစားနိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ရီးရဲလ္မက္ဒရစ္ အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့သူေတြကေတာ့ ပြဲကစားခ်ိန္ ၁၅မိနစ္မွာ က႐ူးစ္ ၊ ၃၂မိနစ္မွာ အစၥကိုနဲ႔ ၆၅မိနစ္မွာ မိုဒရစ္တို႔ျဖစ္ၾကၿပီး ဗလင္စီယာအသင္းအတြက္ ႏွစ္သိမ့္ေခ်ပဂိုးကို ပြဲကစားခ်ိန္ ၉၂မိနစ္မွာ ပင္နယ္တီကတဆင့္ ပါရီဂ်ိဳက သြင္းယူခဲ့တာပါ။

Photo Credit: Football Addict.com

ရီးရဲလ္မက္ဒရစ္အတြက္ အဖြင့္ဂိုးရွင္ျဖစ္တဲ့ တိုနီက႐ူးစ္ဟာ အဆိုပါသြင္းဂိုးကို ေထာင့္ကန္ေဘာကေနတဆင့္ သြင္းယူခဲ့တာျဖစ္ၿပီး ဗလင္စီယာဂိုးသမား ဟြမ္မီရဲ့ အနည္းငယ္ အေရွ႕ေရာက္တဲ့ ေနရာယူပုံကို အသုံးခ်ကာ တိုနီက႐ူးစ္က ေထာင့္ကန္ေဘာကို ျဖတ္တင္ေပးျခင္းမရွိပဲ ဂိုးထဲကို တိုက္ရိုက္ကန္သြင္းခဲ့တာပါ။ ဟြမ္မီဟာ တိုနီက႐ူးစ္ရဲ့ ကန္သြင္းခ်က္ကို တားဆီးဖို႔အတြက္ လုပ္ခဲ့ေသးေပမယ့္ ေဘာလုံးကို ဖမ္းမိတဲ့အခ်ိန္မွာ ေဘာလုံးဟာ ဂိုးစည္းေက်ာ္သြားခဲ့တာေၾကာင့္ သူ႔ရဲ့ႀကိဳးစားမွုဟာ အရာမထင္ခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ တိုနီကရူးစ်ကတော့ ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ထောင့်ကန်ဘောကို ဂိုးထဲသို့ တိုက်ရိုက် ကန်သွင်းကာ လှပလွန်းတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Football Addict.com

ယနေ့မနက် တစ်နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗလင်စီယာအသင်းကို သုံးဂိုး တစ်ဂိုး ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့သလို ပွဲချိန်အတွင်းမှာလည်း ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဂိုးသွင်းယူပေးခဲ့သူတွေကတော့ ပွဲကစားချိန် ၁၅မိနစ်မှာ ကရူးစ် ၊ ၃၂မိနစ်မှာ အစ္စကိုနဲ့ ၆၅မိနစ်မှာ မိုဒရစ်တို့ဖြစ်ကြပြီး ဗလင်စီယာအသင်းအတွက် နှစ်သိမ့်ချေပဂိုးကို ပွဲကစားချိန် ၉၂မိနစ်မှာ ပင်နယ်တီကတဆင့် ပါရီဂျိုက သွင်းယူခဲ့တာပါ။

Photo Credit: Football Addict.com

ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးရှင်ဖြစ်တဲ့ တိုနီကရူးစ်ဟာ အဆိုပါသွင်းဂိုးကို ထောင့်ကန်ဘောကနေတဆင့် သွင်းယူခဲ့တာဖြစ်ပြီး ဗလင်စီယာဂိုးသမား ဟွမ်မီရဲ့ အနည်းငယ် အရှေ့ရောက်တဲ့ နေရာယူပုံကို အသုံးချကာ တိုနီကရူးစ်က ထောင့်ကန်ဘောကို ဖြတ်တင်ပေးခြင်းမရှိပဲ ဂိုးထဲကို တိုက်ရိုက်ကန်သွင်းခဲ့တာပါ။ ဟွမ်မီဟာ တိုနီကရူးစ်ရဲ့ ကန်သွင်းချက်ကို တားဆီးဖို့အတွက် လုပ်ခဲ့သေးပေမယ့် ဘောလုံးကို ဖမ်းမိတဲ့အချိန်မှာ ဘောလုံးဟာ ဂိုးစည်းကျော်သွားခဲ့တာကြောင့် သူ့ရဲ့ကြိုးစားမှုဟာ အရာမထင်ခဲ့ပါဘူး။