ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြအၿပီးမွာေတာ့ ေဘာလုံးပရိသတ္ေတြရဲ႕စိတ္အာရုံကုိ ျပန္လည္ဖမ္းစားလာႏုိင္ဦးမယ့္ ယူရုိပါလိဂ္ပြဲစဥ္ေတြကလည္း ေရာက္ရွိလာၿပီျဖစ္ပါတယ္။ မေန႔ညကေတာ့ အာဆင္နယ္အသင္းက ယူရုိပါလိဂ္ပြဲစဥ္ကုိ အေစာဆုံးအျဖစ္နဲ႔ စတင္ကစားခဲ႔ၿပီး အုပ္စုအတြင္းမွာ ရမွတ္လုံးဝမရွိေသးတဲ႔ ဂြီမာေရ႕အသင္းကုိမွ ၁ဂုိးစီနဲ႔သာ သေရက်ခဲ႔ရပါတယ္။ ဒီညမွာလည္း ထိပ္သီးအသင္းႀကီးေတြ ပါဝင္ကစားၾကဦးမွာျဖစ္လုိ႔ ဒီပြဲစဥ္ေတြအေၾကာင္းကုိ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

ယူႏုိက္တက္ နဲ႔ ပါတီဇန္ဘဲလ္ဂရိတ္ (မနက္၂နာရီခြဲ)

ယူႏုိက္တက္က ဒီရာသီမွာ ခ်ယ္လ္ဆီးကုိ ဂုိးျပတ္ႏုိင္ခဲ႔တဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲကေနစၿပီး အိမ္ကြင္းပြဲတုိင္းလိုလုိမွာ ၁ဂုိးထက္ ပုိမုိသြင္းယူခဲ႔တာေတြ မရွိခဲ႔ပါဘူး။ ပါတီဇန္ကေတာ့ ေနာက္ဆုံးကစားခဲ႔တဲ႔ ၿပိဳင္ပြဲစုံ ၆ပြဲမွာ ၂ပြဲပဲ အႏုိင္ယူထားခဲ႔ပါတယ္။ လက္ရွိ ယူႏုိက္တက္အသင္းဘက္မွာ ဒဏ္ရာရကစားသမားေတြ မ်ားျပားေနသလုိ ေနာက္တစ္ဆင့္တတ္ဖုိ႔ကလည္း အေျခအေနေကာင္းေနတာေၾကာင့္ အုိးထရက္ဖုိဒ့္မွာ ၁ဂုိးအသာေလာက္နဲ႔ အႏုိင္ရသြားႏုိင္ပါတယ္။

Photo Credit : Getty Images

ဝုလ္ဗ္ နဲ႔ ဆလုိဗန္ (မနက္၂နာရီခြဲ)

ဒီႏွစ္သင္းရဲ႕အေျခအေနေတြက တျခားစီပါ။ ဝုလ္ဗ္က ဆလုိဗန္ကုိ အႏုိင္ရတဲ႔ပြဲကလြဲၿပီး ေနာက္ဆုံးကစားခဲ႔တဲ႔ ပြဲစဥ္၅ပြဲမွာ ၄ပြဲကုိ ရလဒ္တိမ္းေစာင္းထားခဲ႔ပါတယ္။ ဆလုိဗန္ကလည္း ေတာက္ေလွ်ာက္ရလဒ္ေကာင္းေနခဲ႔ရာကေန ဝုလ္ဗ္ကုိ အိမ္ကြင္းမွာ အေရးနိမ့္ခဲ႔ပါတယ္။ အခု ဝုလ္ဗ္ကြင္းမွာ ျပန္လည္ကစားရမယ့္ပြဲမွာလည္း ဝုလ္ဗ္ကပအဲ အသာရႏုိင္ပါတယ္။ ဂုိးေတာ့မျပတ္ႏုိင္ပါဘူး။

Photo Credit : Getty Images

လာဇီယုိ နဲ႔ ဆဲလ္တစ္ (ည၁၂နာရီခြဲ)

လာဇီယုိက ဂလက္စကုိမွာ ဆဲလ္တစ္ကုိ အေရးနိမ့္ၿပီးတဲ့ေနာက္မွာ တုိရီႏုိ ဖီအုိရင္တီးနား ေအစီမီလန္တုိ႔ကုိ ေတာက္ေလွ်ာက္အႏုိင္ယူခဲ႔ၿပီး ရလဒ္ျပန္ျမန္လုိ႔ေနပါတယ္။ ဆဲလ္တစ္ကလည္း စေကာ့တလန္လိဂ္မွာ ႏုိင္ပြဲေတြဆက္လုိ႔ေနၿပီး အခု ေရာမၿမိဳ႔မွာ ကစားရမယ့္ပြဲမွာေတာ့ လာဇီယုိကုိ အသာစီးရယူႏုိင္ဖုိ႔ မလြယ္ကူပါဘူး။ အမ္မုိဘီလီ ပါဝင္ဖုိ႔ မေသခ်ာတာမုိ႔ ၁ဂုိးအသာေလာက္နဲ႔ ကပ္ႏုိင္သြားဖြယ္ ရွိေနပါတယ္။

Photo Credit : Getty Images

မုိခ်န္ဂလာဘတ္ နဲ႔ ရုိးမား (မနက္၂နာရီခြဲ)

မုိခ်န္ကေတာ့ ဘြန္ဒက္လီဂါမွာ ထိပ္ဆုံးေနရာကေန ဆက္လက္ဦးေဆာင္ထားေနႏုိင္သလုိ ရုိးမားကလည္း နာပုိလီကုိအႏုိင္ယူၿပီး စီးရီးေအမွာ အဆင့္၃ေနရာအထိ ေရာက္ရွိလုိ႔ေနပါတယ္။ ဂလာဘတ္က ဘြန္ဒက္လီဂါမွာ ေတာ္ေတာ္ေလး ဟုတ္ေနတယ္ဆုိေပမယ့္လည္း ယူရုိပါလိဂ္မွာေတာ့ ၂မွတ္ပဲရထားေသးၿပီး ႏုိင္ပြဲလည္းမရွိေသးပါဘူး။ ရုိးမားကေတာ့ ဒီရာသီမွာ အတၱလန္တာနဲ႔ တစ္ပြဲတည္းကုိသာ အေရးနိမ့္ထားခဲ႔ၿပီး အေဝးကြင္းမွာ လုံးဝကုိ မရွုံးေသးတာျဖစ္လုိ႔ ဒီပြဲလည္း အနိမ့္ဆုံးသေရရေအာင္ ကစားႏုိင္ပါလိမ့္မယ္။

(Unicode)

ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်(၄)ပွဲများရဲ့ ပွဲကြိုလေ့လာသုံးသပ်ချက်များ

ချန်ပီယံလိဂ်ပြိုင်ပွဲတွေအပြီးမှာတော့ ဘောလုံးပရိသတ်တွေရဲ့စိတ်အာရုံကို ပြန်လည်ဖမ်းစားလာနိုင်ဦးမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ရောက်ရှိလာပြီဖြစ်ပါတယ်။ မနေ့ညကတော့ အာဆင်နယ်အသင်းက ယူရိုပါလိဂ်ပွဲစဉ်ကို အစောဆုံးအဖြစ်နဲ့ စတင်ကစားခဲ့ပြီး အုပ်စုအတွင်းမှာ ရမှတ်လုံးဝမရှိသေးတဲ့ ဂွီမာရေ့အသင်းကိုမှ ၁ဂိုးစီနဲ့သာ သရေကျခဲ့ရပါတယ်။ ဒီညမှာလည်း ထိပ်သီးအသင်းကြီးတွေ ပါဝင်ကစားကြဦးမှာဖြစ်လို့ ဒီပွဲစဉ်တွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

ယူနိုက်တက် နဲ့ ပါတီဇန်ဘဲလ်ဂရိတ် (မနက်၂နာရီခွဲ)

ယူနိုက်တက်က ဒီရာသီမှာ ချယ်လ်ဆီးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကနေစပြီး အိမ်ကွင်းပွဲတိုင်းလိုလိုမှာ ၁ဂိုးထက် ပိုမိုသွင်းယူခဲ့တာတွေ မရှိခဲ့ပါဘူး။ ပါတီဇန်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲမှာ ၂ပွဲပဲ အနိုင်ယူထားခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းဘက်မှာ ဒဏ်ရာရကစားသမားတွေ များပြားနေသလို နောက်တစ်ဆင့်တတ်ဖို့ကလည်း အခြေအနေကောင်းနေတာကြောင့် အိုးထရက်ဖိုဒ့်မှာ ၁ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Photo Credit : Getty Images

ဝုလ်ဗ် နဲ့ ဆလိုဗန် (မနက်၂နာရီခွဲ)

ဒီနှစ်သင်းရဲ့အခြေအနေတွေက တခြားစီပါ။ ဝုလ်ဗ်က ဆလိုဗန်ကို အနိုင်ရတဲ့ပွဲကလွဲပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်၅ပွဲမှာ ၄ပွဲကို ရလဒ်တိမ်းစောင်းထားခဲ့ပါတယ်။ ဆလိုဗန်ကလည်း တောက်လျှောက်ရလဒ်ကောင်းနေခဲ့ရာကနေ ဝုလ်ဗ်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။ အခု ဝုလ်ဗ်ကွင်းမှာ ပြန်လည်ကစားရမယ့်ပွဲမှာလည်း ဝုလ်ဗ်ကပအဲ အသာရနိုင်ပါတယ်။ ဂိုးတော့မပြတ်နိုင်ပါဘူး။

Photo Credit : Getty Images

လာဇီယို နဲ့ ဆဲလ်တစ် (ည၁၂နာရီခွဲ)

လာဇီယိုက ဂလက်စကိုမှာ ဆဲလ်တစ်ကို အရေးနိမ့်ပြီးတဲ့နောက်မှာ တိုရီနို ဖီအိုရင်တီးနား အေစီမီလန်တို့ကို တောက်လျှောက်အနိုင်ယူခဲ့ပြီး ရလဒ်ပြန်မြန်လို့နေပါတယ်။ ဆဲလ်တစ်ကလည်း စကော့တလန်လိဂ်မှာ နိုင်ပွဲတွေဆက်လို့နေပြီး အခု ရောမမြို့မှာ ကစားရမယ့်ပွဲမှာတော့ လာဇီယိုကို အသာစီးရယူနိုင်ဖို့ မလွယ်ကူပါဘူး။ အမ်မိုဘီလီ ပါဝင်ဖို့ မသေချာတာမို့ ၁ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Getty Images

မိုချန်ဂလာဘတ် နဲ့ ရိုးမား (မနက်၂နာရီခွဲ)

မိုချန်ကတော့ ဘွန်ဒက်လီဂါမှာ ထိပ်ဆုံးနေရာကနေ ဆက်လက်ဦးဆောင်ထားနေနိုင်သလို ရိုးမားကလည်း နာပိုလီကိုအနိုင်ယူပြီး စီးရီးအေမှာ အဆင့်၃နေရာအထိ ရောက်ရှိလို့နေပါတယ်။ ဂလာဘတ်က ဘွန်ဒက်လီဂါမှာ တော်တော်လေး ဟုတ်နေတယ်ဆိုပေမယ့်လည်း ယူရိုပါလိဂ်မှာတော့ ၂မှတ်ပဲရထားသေးပြီး နိုင်ပွဲလည်းမရှိသေးပါဘူး။ ရိုးမားကတော့ ဒီရာသီမှာ အတ္တလန်တာနဲ့ တစ်ပွဲတည်းကိုသာ အရေးနိမ့်ထားခဲ့ပြီး အဝေးကွင်းမှာ လုံးဝကို မရှုံးသေးတာဖြစ်လို့ ဒီပွဲလည်း အနိမ့်ဆုံးသရေရအောင် ကစားနိုင်ပါလိမ့်မယ်။