ဂျုဗင်တပ် တိုက်စစ်မှူးဟောင်း လူကာ တိုနီကတော့ ဂျုဗင်တပ်အသင်းအနေနဲ့ ရော်နယ်ဒိုနဲ့ တွဲကစားဖို့ မန်စီးတီး တိုက်စစ်မှူး ဂျေဆပ်ကို ခေါ်ယူသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ လက်ရှိမှာ ရော်နယ်ဒိုနဲ့ တွဲကစားဖို့ တိုက်စစ်မှူးအသစ်ကို ရှာဖွေလျက်ရှိပြီး ဂျေဆပ်၊ ဟာလန်း နဲ့ ဟယ်ရီကိန်းတို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အီတလီအသင်းနဲ့ (၂၀၀၆) ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့ တိုနီကတော့ ဂျေဆပ်၊ ဟာလန်း နဲ့ ဟယ်ရီကိန်းထဲမှာ ဂျေဆပ်က ရော်နယ်ဒိုနဲ့ အသင့်တော်ဆုံး ဖြစ်မယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

လူကာ တိုနီဟာ ဂျုဗင်တပ်အသင်းအတွက် (၂၀၁၀-၁၁) ခုနှစ်ကနေ (၂၀၁၁-၁၂) ခုနှစ်အထိ (၂) ရာသီကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၅) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပါတယ်။ လူကာ တိုနီဟာ အီတလီ လက်ရွေးစင်အသင်းအတွက် (၂၀၀၄) ခုနှစ်ကနေ (၂၀၀၉) ခုနှစ်အထိ ကစားခဲ့ပြီး ပွဲစဉ် (၄၇) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၆) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူကာ တိုနီဟာ ဂျုဗင်တပ်အသင်းမှာ ကစားခဲ့စဉ်က အောင်မြင်မှု မရနိုင်ခဲ့ပေမဲ့လည်း သူ့ရဲ့ အသင်းဟောင်း ဂျုဗင်တပ်အသင်းအတွက် အသင့်တော်ဆုံး တိုက်စစ်မှူးကို ပြောပြခဲ့ပါတယ်။

Photo Credit: Goal

လူကာ တိုနီဟာ ဂျုဗင်တပ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကို ရမှတ် (၁) မှတ်ကနေ (၁၀) မှတ်အထိ ပေးဖို့ တောင်းဆိုခံရတဲ့ အချိန်မှာ သူက ” ဂျေဆပ်က (၈.၅) မှတ်ပါ။ ဟာလန်းက (၇.၅) မှတ်ပါ။ ဝါနာက (၇) မှတ်ပါ။ ဂျေဆပ်က မြန်တယ်။ နည်းစနစ်သိတယ်။ သူ ဂိုးဖန်တီးမှု ပြုလုပ်နိုင်တယ်။ သူက ရော်နယ်ဒိုနဲ့ တွဲကစားဖို့ အသင့်တော်ဆုံး ကစားသမား ဖြစ်မှာပါ။ ရော်နယ်ဒိုက ဗဟိုတိုက်စစ်မှူး မဟုတ်ဘူး။ သူက သွင်းဂိုးတွေကို အများဆုံး သွင်းပြီး သွင်းဂိုး အများဆုံး သွင်းရပါမယ်။ ဟယ်ရီကိန်းကို (၃၀) နှစ်နဲ့ အောက် ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ ထင်ပေမဲ့ သူက ရော်နယ်ဒိုနဲ့ အသင့်တော်ပါဘူး။ ဂျေဆပ်က အများကြီး ပို ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားပါတယ်။