MySport Myanmar

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ တိုနေး

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ကနေ ထုတ်ပြန်ထားတဲ့ လောင်းကစား စည်မျဉ်းတွေကို ချိုးဖောက်ခဲ့မှုကြောင့် (၈)လအထိ ပွဲပယ်ခံထားရတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးက သူရဲ့ ပွဲပယ်ပြစ်ဒဏ် လွတ်ကင်းသွားမယ့် အချိန်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီမှာ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်တော့မယ့် တိုနေးကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး မန်ယူနိုက်တက် စပါး နဲ့ အာဆင်နယ်အသင်းတို့က ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။

Photo Credit : Sky Sports

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး တိုနေးဟာ အခုလို လောင်းကစားမှုကြောင့် ပွဲပယ်မခံရခင်တုန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲ တစ်ဦးအပါအဝင် ဖြစ်ခဲ့ရသလို အင်္ဂလန် လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံလာခဲ့ရပါသေးတယ်။

ဒါပေမယ့် (၈)လလောက်အထိ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ တိုနေးရဲ့ ကစားသမားဘဝက တန့်သွားခဲ့ရပြီး လေ့ကျင့်ခန်းဆင်းမှုတွေကိုတောင် သိပ်မကြာသေးခင်ကမှ ပြန်လည် လုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် တိုနေးဟာ လာမယ့် အောက်တိုဘာလထဲမှာပဲ ဘောလုံး ပြန်ကစားနိုင်တော့မှာဖြစ်လို့ တိုက်စစ်မှူး ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေက တိုနေးကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Sky Sports

တိုနေးကိုယ်တိုင်ကလည်း ဘောလုံး ပြန်ကစားခွင့် ရရှိလာချိန်မှာ သူ့ကစားသမားဘဝ မြှင့်တက်ဖို့အတွက် အသင်းအပြောင်းအလဲ လုပ်ဆောင်သွားချင်နေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းကိုသာ ရွေးချယ်သွားချင်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ဂျေဇူး နဲ့ အန်ခယ်တီယာတို့ ရှိနေပေမယ့်လည်း တိုနေးလို အရည်အသွေးမြင့် အထောင်တ်ိုက်စစ်မှူး စစ်စစ်ကိုသာ ပိုင်ဆိုင်လိုက်ရမယ်ဆိုရင် အာဆင်နယ်ရဲ့ ကစားသမား အစုအဖွဲ့က အခုထက် ပိုမို တောင့်တင်းလာဖွယ်လည်း ရှိနေပါတယ်။ ဒါကြောင့် လာမယ့် ဆောင်းရာသီ ဈေးကွက်ထဲမှာ အာဆင်နယ် နဲ့ တိုနေးတို့ရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရနိုင်ပါတယ်။

Exit mobile version