MySport Myanmar

ဝက်စ်ဟမ်းဆီ ပြောင်းဖို့ ဆေးစစ်မှုတွေတောင် လုပ်ထားတဲ့ တော်မီနေးနဲ့ မက်ဂွိုင်းယား

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဗဟိုနောက်ခံလူ မက်ဂွိုင်းယားနဲ့ ကွင်းလယ်လူ တော်မီနေးတို့က လန်ဒန်ကလပ် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတွေတောင် လုပ်ထားကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဆမ်မြူရယ် လက်ဟော့စ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားနဲ့ စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ တော်မီနေးတို့က နည်းပြဟောင်းတွေ ဖြစ်တဲ့ ဆိုးလ်ရှား ၊ မော်ရင်ဟိုတို့ရဲ့ လက်အောက်တွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေ အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် နည်းပြသစ် တန်ဟက်ဂ် ရောက်လာချိန်မှာ အရန် ကစားသမား အဖြစ် လျှောကျခဲ့ရသူတွေပါ။

Photo Credit: The Sun

အထူးသဖြင့် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက အသင်းခေါင်းဆောင်ရာထူး ကနေပါ ဖြုတ်ချခံခဲ့ရပြီး တန်ဟက်ဂ်ရဲ့ ဦးစားပေး ကစားသမား စာရင်းထဲမှာ မပါတာကြောင့်ပဲ တော်မီနေးနဲ့ မက်ဂွိုင်းယားတို့ နှစ်ဦးစလုံးက သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာရင် အသင်းပြောင်းဖို့ စဉ်းစားထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း အရန်ကစားသမား စာရင်းထဲ ရောက်နေတဲ့ တော်မီနေးနဲ့ မက်ဂွိုင်းယားတို့ နှစ်ဦးစလုံးကို သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာရင် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က တော်မီနေးနဲ့ မက်ဂွိုင်းယားတို့ နှစ်ဦးစလုံးကို ပေါင် ၄၀သန်းစီ ဈေးသတ်မှတ်ထားပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် လက်ဟော့စ်ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တော်မီနေးနဲ့ မက်ဂွိုင်းယားတို့ဆီ ဆက်သွယ်ကာ ဆေးစစ်မှု တချို့ လုပ်ဆောင်ကာ သူတို့ဆီ ရလဒ်တွေ ပို့ပေးဖို့ တောင်းဆိုခဲ့ပြီး မက်ဂွိုင်းယားနဲ့ တော်မီနေးတို့ကလည်း ဝက်စ်ဟမ်းရဲ့ တောင်းဆိုချက်အတိုင်း ဆေးစစ်ကာ ဆေးစစ်မှုရလဒ်တွေကို ဝက်စ်ဟမ်းဆီ ပို့ပေးထားပြီးပြီ ဖြစ်ကာ ဝက်စ်ဟမ်းက နှစ်ဦးစလုံး အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်တော့မယ်လို့ သိရှိရပါတယ်။

ဝက်စ်ဟမ်းက တော်မီနေးနဲ့ မက်ဂွိုင်းယား နှစ်ဦးပေါင်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလာဖွယ် ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံသွားနိုင်ပါတယ်။

Exit mobile version