ဘာစီလိုနာအသင်းမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလွန်းနေတာကြောင့် အခုစျေးကွက်အတွင်းမှာပဲ ဘွန်ဒက်လီဂါထိပ်သီးကလပ် ရှော်ကေးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲဲ့ လူငယ်နောက်ခံကစားသမားလေး တိုဒီဘိုကတော့ လာမယ့်ဘိုင်ယန်မြူးနစ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမယ့် ဘွန်ဒက်လီဂါပွဲမှာပဲ ရှော်ကေးအသင်းအတွက် ပွဲထွက်ကစားပေးရဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ တိုဒီဘိုက အင်တာဗျူးအစီအစဉ်တစ်ခုမှာ သူဘာစီလိုနာအသင်းမှာ ရှိစဉ်တုန်းက ကိုယ်တိုင်ကြံုတွေ့ခဲ့ရတဲ့ အတွေ့အကြံုတွေအကြောင်းကို ပြန်ပြောင်းပြောဆိုနေခဲ့ပါတယ်။
  Photo Credit : Getty Images
အသက်၂၀အရွှယ်သာရှိသေးတဲ့ ပြင်သစ်လူငယ်နောက်ခံကစားသမားလေး ဘာစီလိုနာအသင်းဆီကို လိဂ်ဂူးလပ် တူးလော့စ်ကနေ ပြီးခဲ့တဲ့နွေရာသီတုန်းကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ရာသီဝက်အတွင်းမှာမှ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခွင့်က ၃ပွဲသာရှိခဲ့တာကြောင့် အခုလို ရှော်ကေးအသင်းဆီကို အငှားနဲ့ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ရှော်ကေးအသင်းကတော့ တိုဒီဘိုကို အငှားခေါ်ယူအတွက် ယူရို၁.၅သန်း ပေးဆောင်ခဲ့ရပြီး အငှားသက်တမ်းပြည့်ချိန်မှာလည်း အပြီးသတ်ေခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရှိရပါတယ်။
Photo Credit : Net tv
လတ်တလောမှာတော့ ဗဟိုနောက်ခံကစားသမား တိုဒီဘိုက ဘွန်ဒက်လီဂါကို ရောက်ရှိစဉ်အတွင်း ဂျာမန်နာမည်ကြီး သတင်းစာ Blid နဲ့ အင်တာဗျူးလုပ်ရင်းနဲ့ ဘာစီလို်နာကစားသမားဘဝ ဖြတ်သန်းပုံတချို့အကြောင်းတွေကို ဖွင့်ဟလာခဲ့ပါတယ်။ တိုဒီဘိုက “မက်ဆီကို လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာအနာတရ မရရှိစေဖို့အကြောင်းကို ကျွန်တော်တို့ အားလုံးသိထားရပါတယ်။ လေ့ကျင့်ခန်းဆင်းပြီဆိုရင် မက်ဆီက ဂရုတစိုက်နဲဲ့ ကာကွယ်ပေးထားခံရပါတယ်။ ကျွန်တော်လည်း မက်ဆီဆီကနေ ဘောလုံးပညာတွေကို အများကြီးသင်ယူခဲ့ရပါတယ်။ ဒါတောင် ကျွန်တော်သူ့ကို ဖျက်ထုတ်မှုအနည်းငယ်လောက် လုပ်ခဲဲ့ပါသေးတယ်။ ဒါပေမယ့် သူအနာတရမဖြစ်ရအောင်တော့ သတိထားပြီးဖျက်ထုတ်ခဲ့တာပါ”  လို့ ရှင်းပြသွားခဲ့ပါတယ်။ ဒါ့အပြင် တိုဒီဘိုက ရှော်ကေးအသင်းရဲ့ကမ်းလှမ်းချက်ကို လက်ခံရရှိစဉ်မှာ ရှော်ကေးအကြောင်းတွေကို ရှော်ကေးကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရာကီတစ်ဆီကနေ မေးမြန်းခဲ့သေးတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
(Zawgyi)
မက်ဆီနဲ့ လေ့ကျင့်ခန်းအတူဆင်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖွင့်ဟလာတဲ့ တိုဒီဘို
ဘာစီလိုနာအသင်းမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလွန်းနေတာကြောင့် အခုဈေးကွက်အတွင်းမှာပဲ ဘွန်ဒက်လီဂါထိပ်သီးကလပ် ရှော်ကေးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လူငယ်နောက်ခံကစားသမားလေး တိုဒီဘိုကတော့ လာမယ့်ဘိုင်ယန်မြူးနစ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမယ့် ဘွန်ဒက်လီဂါပွဲမှာပဲ ရှော်ကေးအသင်းအတွက် ပွဲထွက်ကစားပေးရဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ တိုဒီဘိုက အင်တာဗျူးအစီအစဉ်တစ်ခုမှာ သူဘာစီလိုနာအသင်းမှာ ရှိစဉ်တုန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ပြန်ပြောင်းပြောဆိုနေခဲ့ပါတယ်။
Photo Credit : Net tv