MySport Myanmar

ချယ်လ်ဆီးက နေမာရဲ့ အသင်းသစ် ဖြစ်လာဖို့ ထိပ်ဆုံးနေရာက ရေပန်းစားလို့နေ

ကီလီယန်အမ်ဘာပေကို မက်မောလောက်စရာ ငွေကြေးတွေ ရပိုင်ခွင့်များစွာနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီအကျိုးဆက်တွေကြောင့် အခုဆိုရင် ဘာပေရဲ့ အသင်းဖော်ဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာကို အသင်းကနေ မဖြစ်မနေ ပြန်လည်ရောင်းထုတ်ရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး လတ်တလောအရ ချယ်လ်ဆီးအသင်းက နေမာရဲ့ အသင်းသစ် ဖြစ်လာနိုင်ဖို့ ထိပ်ဆုံးနေရာက ရေပန်းစားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

လက်ရှိမှာ အသက်(၃၀)အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း အသင်းဘက်က ဘာပေ အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် ငွေကြေးရင်းနှီးမှုများစွာကို လုပ်ဆောင်ထားခဲ့ရတာကြောင့် နေမာကို ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ နေမာကို ကလပ်အသင်းကြီးတချို့က ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပေမယ့်လည်း နေမာရဲ့ အလွန်မြင့်မားတဲ့ လုပ်ခလစာကြောင့် ကမ်းလှမ်းဖို့ လက်တွန့်နေကြပြီး လက်ရှိမှာတော့ အသင်းပိုင်ရှင် အပြောင်းအလဲကိစ္စ ပြီးမြောက်ဖို့ လုပ်ဆောင်နေရတဲ့ ချယ်လ်ဆီးအသင်းက နေမာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

Photo Credit : Sporting News

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း တိုက်စစ်ကစားသမား လူကာကူကို ပြန်လည်ခေါ်ယူ အားဖြည့်ထားခဲ့ပေမယ့် လူကာကူဆီကနေ မျှော်လင့်ထားသလောက် မဖြစ်လာခဲ့သလို ဒီရာသီမှာလည်း major ဆုဖလားတွေနဲ့ လွဲချော်ထားခဲ့ရတာကြောင့် လာမယ့်နွေမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ ဗြိတိန်အစိုးရရဲ့ တားမြစ်ထားတဲ့ စည်းကမ်းတွေကြောင့် လာမယ့်စျေးကွက်ထဲမှာ ကစားသမား ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့်လည်း transfer ပြန်လည် ပြုလုပ်ခွင့် ရရှိသွားခဲ့မယ်ဆိုရင် အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေက အသင်းအတွက် အသုံးစရိတ်များစွာ သုံးစွဲခွင့်ပြုလာနိုင်ပါတယ်။ ဒီလို ကစားသမား ခေါ်ယူခွင့်နဲ့ အသုံးစရိတ်များစွာ ရရှိ်လာခဲ့မယ်ဆိုရင် နေမာလို ကစားသမားမျိုးကိုပါ ခေါ်ယူသွားဖွယ် ရှိနေပြီး နေမာဟာလည်း သူရဲ့အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားချင်ပေမယ့် ဘာစီလိုနာမှာက နေမာကို ပြန်ခေါ်နိုင်မယ့် ဘဏ္ဍာရေး အခြေအနေမျိုး ရှိမနေတာကြောင့် နေမာအနေနဲ့ ပီအက်စ်ဂျီနဲ့သာ လမ်းခွဲဖြစ်မယ်ဆိုရင် ချယ်လ်ဆီးကိုသာ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိပါတယ်။

Exit mobile version