နာမည်ကျော် အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလီဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကို ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်ဆီ ကနေ လက်လွှဲ ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

အားကစားလောကမှာ ရင်းနှီးမြှုပ်နှံရတာကို နှစ်သက်တဲ့ တော့ပ် ဘိုလီဟာ ချယ်လ်ဆီးကို ပေါင် ၃.၅ ဘီလီယံနဲ့ ဝယ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ယနေ့မှာပဲ ဗြိတိန်အစိုးရက တော့ပ် ဘိုလီရဲ့ ချယ်လ်ဆီးအား ဝယ်ယူမှုကို အတည်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

တော့ပ် ဘိုလီက ချယ်လ်ဆီးကို ဝယ်ယူခဲ့ပြီးနောက် အသင်းမှာ နောက်ထပ် ပေါင် ၁.၇၅ ဘီလီယံ ထပ်မံ ရင်းနှီးမြှုပ်နှံဖို့ ကတိပေးထားသလို ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်ကို အဆင့်မြှင့်တင်မှု ပြုလုပ်ဖို့ ၊ ချယ်လ်ဆီး အမျိုးသမီးအသင်းအား ဥရောပရဲ့ ထိပ်သီး အမျိုးသမီးအသင်း ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ စတဲ့ ကတိကဝတ်တွေကိုလည်း ပေးထားပါသေးတယ်။

တဖက်မှာတော့ ချယ်လ်ဆီးရဲ့ ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ရောင်းချရာကနေ ရလာတဲ့ ငွေကြေးအားလုံးကို ရုရှား-ယူကရိန်း စစ်ပွဲကြောင့် စစ်ဘေးရှောင် ဖြစ်ခဲ့ရတဲ့ ယူကရိန်းပြည်သူတွေကို ကူညီဖို့ ပြန်လည် လှူဒါန်းခဲ့ပါသေးတယ်။

Photo Credit: Metro

ကဲ မေတ္တာတရား ကြီးမားသူ အေဘရာမိုဗစ်ချ်အလွန် တော့ပ် ဘိုလီက ချယ်လ်ဆီးအတွက် သင့်တော်တဲ့ အသင်းပိုင်ရှင် ဟုတ်လား ၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။