စပါးအသင်း ဗဟိုနောက်ခံလူ တိုဘီ အယ်ဒါဝီရက်ကတော့ စပါး နည်းပြဟောင်း ပိုချယ်တီနိုအနေနဲ့ စပါးနည်းပြ အဖြစ်က ထုတ်ပယ်ခံရတာဟာ သတင်းဆိုး ဖြစ်ခဲ့ပါတယ်လို့ ပြောကြားသွားခဲ့ပြီး ဘယ်ဂျီယံအသင်းအတွက် ကစားနေတဲ့ အချိန်မှာ ထုတ်ပယ်ခံရတာပါလို့ ပြောခဲ့ပါတယ်။ စပါး နည်းပြဟောင်း ပိုချယ်တီနိုဟာ စပါးအသင်းကို မေလ (၂၀၁၄) ခုနှစ်ကနေ နိုဝင်ဘာလ (၂၀၁၉) ခုနှစ်အထိ (၅) နှစ်ကြာနီးပါး နည်းပြခဲ့ပြီး စပါးအသင်းကို ပြိုင်ပွဲစုံ ပွဲစဉ် (၂၉၃) ပွဲ နည်းပြခဲ့ရာမှာ နိုင်ပွဲ (၁၅၉) ပွဲ၊ သရေ (၆၂) ပွဲ နှင့် ရှုံးပွဲ (၇၂) ပွဲ ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

နည်းပြ ပိုချယ်တီနိုဟာ စပါးအသင်းကို (၅) နှစ်ကြာနီးပါး နည်းပြခဲ့စဉ်က အမြင့်ဆုံး အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ရောက်ရှိနိုင်ခဲ့ပြီး (၂၀၁၉) ခုနှစ်မှာ ပရီးမီးယားလိဂ် ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလမှာ စပါး နည်းပြအဖြစ်က ထုတ်ပယ်ခံခဲ့ရပါတယ်။ စပါးအသင်းဟာ နည်းပြ ပိုချယ်တီနိုကို ထုတ်ပယ်ပြီး နည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာကြောင့် ဘယ်ဂျီယံ လက်ရွေးစင် စပါး နောက်ခံလူ အယ်ဒါဝီရက်ကတော့ နည်းပြ ပိုချက်တီနိုအနေနဲ့ အသင်းက ထုတ်ပယ်ခံခဲ့ရတာ သတင်းဆိုး ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Dailymail

နောက်ခံလူ ဒယ်ဒါဝီရက်က “ကျွန်တော်အတွက်တော့ နည်းပြ ပိုချယ်တီနို ထုတ်ပယ်ခံရတာက သတင်းဆိုး ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တေ်ာ့ရဲ့ နည်းပြကို ကျွန်တော် အမြဲတမ်း သစ္စရှိချင်ခဲ့တာကြောင့်ပါ။ နောက်နေ့မှာ အခြား နည်းပြ ရုတ်တရက် ရောက်လာခဲ့ပြီး အဲဒါက အလွန် ထူးဆန်းပါတယ်။ ဒါပေမဲ့ အဲဒါကလည်း ဘောလုံး ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းပါပဲလေ။ ဒါကြောင့် အဲဒါကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါတယ်။ ကျွန်တော် ဘယ်ဂျီယံအသင်းနဲ့ ဘောလုံးပွဲ ကစားနေတဲ့ အချိန်မှာ နည်းပြ ပိုချက်တီနိုက ထုတ်ပယ်ခံခဲ့ရပါတယ်။ ကျွန်တော် အဝတ်လဲခန်းကို ဝင်သွားတဲ့ အချိန်မှာ သတင်းကြားခဲ့ရပါတယ်။ ဒါတွေအားလုံးက မြန်မြန်နဲ့ ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်မှာ ဒီအကြောင်း တွေးဖို့ အချိန်မရှိခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။