မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ ပေါ့ဘာနဲ့ တွဲကစားခွင့် ရရှိမယ် ဆိုရင် မယုံနိုင်စရာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး ပေါ့ဘာကိုလည်း အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တယ်လို့ ပြောသွားပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ အသင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် စပါးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ကွင်းလယ်လူ ပေါ့ဘာကလည်း ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် မန်ယူအသင်းအတွက် ကစားလာနိုင်ချေ ရှိပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းရဲ့ လေ့ကျင့်ရေး ပွဲစဉ်တွေမှာ ကွင်းလယ်လူ ပေါ့ဘာ နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကို တွဲသုံးခဲ့တာကြောင့် မန်ယူအသင်းရဲ့ ပရိသတ်တွေကလည်း ကွင်းလယ်လူ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ်တို့ရဲ့ တွဲလုံးတွေကို မြင်ရဖို့အတွက် မျှော်လင့်နေပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ရောက်ရှိလာခဲ့စဉ်ကတည်းက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာနဲ့ တစ်ပွဲမှ တွဲမကစားရသေးတာ ဖြစ်ပြီး ကွင်းလယ်လူ ပေ့ါဘာနဲ့ တွဲကစားခွင့် ရရှိမယ် ဆိုရင် မယုံနိုင်စရာ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ဖာနန်ဒက်စ်က “ပေါ့ဘာ ဘောလုံး ပြန်ကစားတာကို လူတိုင်း မြင်ရဖို့ စိတ်လှုပ်ရှားနေကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပေါ့ဘာက ဒဏ်ရာကြောင့် ကာလရှည် မကစားနိုင်ခဲ့ဘူး။ သူ့နဲ့ အတူ တွဲကစားခွင့် ရမယ် ဆိုရင် မယုံနိုင်စရာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အသင်းမှာ သိပ် ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိကြပါတယ်။ မန်ယူအသင်းအတွက် အရေးကြီးဆုံး အရာကတော့ အသင်းရဲ့ ရလဒ်ပါပဲ။ လူတိုင်းကတော့ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲကစားချင်းကြပြီး ပေါ့ဘာက အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ”လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ အတွက် ခြေစွမ်းစွာနေပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။