ဂ်ဳဗင္တပ္ နည္းျပ ဆာရီက ယေန႔ည (၂း၁၅) အခ်ိန္၊ အသင္းေဟာင္း နာပုိလီအသင္းနဲ႔ ကစားသြားမယ့္ ပဲြစဥ္မွာ ရမွတ္ျပည့္ (၃) မွတ္ရခ်င္တယ္လုိ႔ ေျပာသြားခဲ့ၿပီး၊ နာပုိလီအသင္းနဲ႔ ပဲြစဥ္က အထူးပဲြစဥ္ပါလုိ႔ ေျပာသြားခဲ့ပါတယ္။ ဂ်ဳဗင္တပ္ နည္းျပ ဆာရီဟာ နာပုိလီအသင္းကို (၂၀၁၅) ခုႏွစ္ ဇြန္လကေန (၂၀၁၈) ခုႏွစ္ ေမလအထိ (၃) ႏွစ္ခန္႔ နည္းျပခဲ့ၿပီး (၁၄၇) ပဲြ နည္းျပခဲ့ရာမွာ ႏုိင္ပဲြ (၉၇) ပဲြ၊ ရႈံးပဲြ (၂၅) ပဲြ နဲ႔ သေရ (၂၅) ပဲြ ရရွိခဲ့တာေၾကာင့္ အလြန္ ေအာင္ျမင္ခဲ့ပါတယ္။

Photo Credit: Goal

နည္းျပ ဆာရီဟာ နာပုိလီအသင္းကေန ထြက္သြားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကို ေျပာင္းသြားခဲ့တဲ့ အခ်ိန္မွာေတာ့ နာပုိလီအသင္း ရလဒ္ ဆုိးရြားခဲ့ၿပီး အခုဆုိရင္ နာပုိလီအသင္းက ရမွတ္ (၂၄) မွတ္နဲ႔ အဆင့္ (၁၃) မွာ ရပ္တည္ေနပါတယ္။ ဂ်ဳဗင္တပ္ နည္းျပ ဆာရီကေတာ့ ယေန႔ညမွာ အသင္းေဟာင္း နာပုိလီအသင္းနဲ႔ ျပန္လည္ ေတြ႔ဆုံကစားရမွာ ျဖစ္တာေၾကာင့္ အထူး ပဲြစဥ္ ျဖစ္တယ္လုိ႔ ေျပာခဲ့ၿပီး တစ္ခ်ိန္တည္းမွာ ရမွတ္ျပည့္ ရခ်င္တယ္လုိ႔လည္း ေျပာသြားခဲ့ပါတယ္။

Photo Credit: Goal

ဂ်ဳဗင္တပ္ နည္းျပ ဆာရီက “ကြ်န္ေတာ့္အတြက္ေတာ့ ဒီပဲြစဥ္က အထူး ပဲြစဥ္ပါ။ ဒါေပမဲ့ ကုိယ့္ရဲ႕ ပုဂၢိဳလ္ေရး အျမင္မွာပဲ အင္အားကုိ အသုံးမျပဳသင့္ပါဘူး။ အသင္းလုိက္ ရည္ရြယ္ခ်က္က အေရးႀကီးပါတယ္။ ခက္ခဲတဲ့ ၿပိဳင္ပဲြမွာ ရမွတ္ျပည့္ (၃) မွတ္ ရယူၿပီး အိမ္ကြင္းကုိ ျပန္သြားခ်င္ပါတယ္။ နာပုိလီအသင္းရဲ႕အဆင့္ ရပ္တည္ခ်က္က ထူးဆန္းပါတယ္။ ဘာလုိ႔လဲဆုိရင္ သူတုိ႔က ေဘာလုံး ပုိင္ဆုိင္မႈနဲ႔ ပက္သက္လာရင္ေတာ့ သူတုိ႔က ပထမဆုံး ျဖစ္ေနလုိ႔ပါပဲ”လုိ႔ ေျပာသြားခဲ့ပါတယ္။

(Unicode)

ဂျုဗင်တပ် နည်းပြ ဆာရီက ယနေ့ည (၂း၁၅) အချိန်၊ အသင်းဟောင်း နာပိုလီအသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ ရမှတ်ပြည့် (၃) မှတ်ရချင်တယ်လို့ ပြောသွားခဲ့ပြီး၊ နာပိုလီအသင်းနဲ့ ပွဲစဉ်က အထူးပွဲစဉ်ပါလို့ ပြောသွားခဲ့ပါတယ်။ ဂျုဗင်တပ် နည်းပြ ဆာရီဟာ နာပိုလီအသင်းကို (၂၀၁၅) ခုနှစ် ဇွန်လကနေ (၂၀၁၈) ခုနှစ် မေလအထိ (၃) နှစ်ခန့် နည်းပြခဲ့ပြီး (၁၄၇) ပွဲ နည်းပြခဲ့ရာမှာ နိုင်ပွဲ (၉၇) ပွဲ၊ ရှုံးပွဲ (၂၅) ပွဲ နဲ့ သရေ (၂၅) ပွဲ ရရှိခဲ့တာကြောင့် အလွန် အောင်မြင်ခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆာရီဟာ နာပိုလီအသင်းကနေ ထွက်သွားခဲ့ပြီး ချဲလ်ဆီးအသင်းကို ပြောင်းသွားခဲ့တဲ့ အချိန်မှာတော့ နာပိုလီအသင်း ရလဒ် ဆိုးရွားခဲ့ပြီး အခုဆိုရင် နာပိုလီအသင်းက ရမှတ် (၂၄) မှတ်နဲ့ အဆင့် (၁၃) မှာ ရပ်တည်နေပါတယ်။ ဂျုဗင်တပ် နည်းပြ ဆာရီကတော့ ယနေ့ညမှာ အသင်းဟောင်း နာပိုလီအသင်းနဲ့ ပြန်လည် တွေ့ဆုံကစားရမှာ ဖြစ်တာကြောင့် အထူး ပွဲစဉ် ဖြစ်တယ်လို့ ပြောခဲ့ပြီး တစ်ချိန်တည်းမှာ ရမှတ်ပြည့် ရချင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် နည်းပြ ဆာရီက “ကျွန်တော့်အတွက်တော့ ဒီပွဲစဉ်က အထူး ပွဲစဉ်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်မှာပဲ အင်အားကို အသုံးမပြုသင့်ပါဘူး။ အသင်းလိုက် ရည်ရွယ်ချက်က အရေးကြီးပါတယ်။ ခက်ခဲတဲ့ ပြိုင်ပွဲမှာ ရမှတ်ပြည့် (၃) မှတ် ရယူပြီး အိမ်ကွင်းကို ပြန်သွားချင်ပါတယ်။ နာပိုလီအသင်းရဲ့ အဆင့် ရပ်တည်ချက်က ထူးဆန်းပါတယ်။ ဘာလို့လဲဆိုရင် သူတို့က ဘောလုံး ပိုင်ဆိုင်မှုနဲ့ ပက်သက်လာရင်တော့ သူတို့က ပထမဆုံး ဖြစ်နေလို့ပါပဲ”လို့ ပြောသွားခဲ့ပါတယ်။