(Unicode)
အိုဝင် ဟားဂရေ့ဗ်ဟာ မန်ယူ ကွင်းလယ် ကစားသမားဟောင်း နဲ့ လက်ရှိအချိန်မှာ BT Sports မှာ ကလောင်ရှင် ဖြစ်ပြီး လက်ရှိရာသီ ကုန်သွားမယ်ဆိုရင် သူ့ရဲ့ အသ်းဟောင်း၊ မန်ယူအသင်း ဘယ်နေရာ ရှိနေမလဲ ဆိုတာ ပြောပြခဲ့ပါတယ်။ ဟားဂရေ့ဗ်က နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် လက်ရှိရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ အလွန်ဆုံး အဆင့် (၅) နေရာသာ ရရှိနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။
Photo Credit: Dailymail
မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၃၄) မှတ်နဲ့ အဆင့် (၅) နေရာ ရထားပေမဲ့လည်း အဆင့် (၁၄) နေရာက နယူးကာဆယ်အသင်းနဲ့ ရမှတ် (၄) သာ ကွာဟနေတဲ့ အတွက်ကြောင့် နိုင်ပွဲဆက်ဖို့ လိုအပ်နေပါတယ်။ မန်ယူအသင်းအနေနဲ့သာ ခြေချော်လက်ချော် ဖြစ်သွားမယ် ဆိုရင် ရမှတ်တူ အသင်း (၂) သင်းက ကျော်တတ်သွားနိုင်ချေ ရှိနေတာကြောင့် ဟားဂရေ့ဗ်က မန်ယူအသင်းဟာ အဆင့် (၅) အထက် အပေါ်မတက်နိုင်ဘူးလို့ ပြောသွားပါတယ်။
Photo Credit: Dailymail
အိုဝင် ဟားဂရေ့ဗ်က “ရက်ချ်ဖို့ဒ်က ဒဏ်ရာရတယ်။ ပေါ့ဘာ မကစားရဘူး။ တွန်မီနေးက အခု ရာသီမှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပြီး မကစားရပါဘူး။ လူသစ်စုဆောင်းရေးအဖွဲ့က ဆိုးလ်ရှားကို လူဖြည့်ပေးဖို့ အားမပေးသလိုပါပဲ။ အဓိက ကစားသမားတွေ ဒဏ်ရာရခဲ့ကြတယ်။ ဒီအသင်း အဆင့် (၅) ရဖို့က ကျွန်တော် အခုအချိန်မှာ ဖြစ်နိုင်ချေ အရှိဆုံး တွေးမိတဲ့ အရာပါ။ အဆင့် (၅) အထက် တက်သွားမယ် မထင်ဘူး။ ကျတောင် ကျသွားနိုင်တယ်”လို့ ပြောခဲ့ပါတယ်။