ဒီကနေ့မှာပဲ လိဒ်စ်ယူနိုက်တက်အသင်းကနေ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၂)သန်း+အပိုဆုကြေး (၆)နှစ်စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်က သူ့အနေနဲ့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာလက်အောက်မှာ ပါဝင်ကစားရတော့မှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေရတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Kalvin Phillips latest: European powerhouse puts call into Leeds to scupper  proposed Man City switch

Photo Credit : TEAMtalk

အသက်(၂၆)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ဟာ ယော့ခ်ရှိုင်းယားမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက်(၁၄)နှစ်အရွယ်မှာပဲ ယော့ခ်ရှိုင်းယား အခြေစိုက် လိဒ်စ်ယူနိုက်တက်အသင်းရဲ့ လူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်ကနေ စတင်ပြီး လိဒ်စ်စီနီယာအသင်းအတွက် စတင်ကစားခဲ့ရတဲ့ ဖီးလစ်ဟာ လိဒ်စ်အတွက် (၈)ရာသီအကြာ ပါဝင်ခဲ့သလို အသင်းကိုလည်း ၂၀၂၀ခုနှစ်မှာပဲ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

အခုတော့ လိဒ်စ်အသင်းမှာ (၈)နှစ်တာလောက်အထိ ပါဝင်ကစားခဲ့တဲ့ “ယော့ခ်ရှိုင်းယားပီယာလို” ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းဆီကို ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမားကြီး ဖာနန်ဒင်ဟိုကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရတာဖြစ်လို့ သူ့နေရာအတွက် ဖီးလစ်နဲ့ ပြန်လည်အစားထိုးခဲ့တာ ဖြစ်သလို အခုဆိုရင် မန်စီးတီး ကွင်းလယ်ပိုင်းဟာလည်း အတော်လေးကို အင်အားတောင့်တင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ မန်စီးတီးလို ဥရောပရဲ့ အတောင့်တင်းဆုံးသော ကလပ်အသင်းကြီးဆီကို ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်က “ပတ်ဂွာဒီယိုလာရဲ့လက်အောက်မှာ ကစားခွင့်ရဖို့ ပတ်နဲ့ သူရဲ့ နည်းပြအဖွဲ့ဝင်တွေဆီကနေ လေ့လာသင်ယူပြီး အလွန်ကောင်းမွန်တဲ့ အသင်းကြီးမှာ ပါဝင်ရဖို့က ကျွန်တော်အတွက်တော့ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားနေမိရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာလင်းဟော်လန်းနဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို ခေါ်ယူထားခဲ့တဲ့ မန်စီးတီးအသင်းဟာ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေကို ထပ်မံလုပ်ဆောင်ဦးမှာဖြစ်ပြီး လက်ရှိမှာတော့ ဘယ်နောက်ခံလူ ကူကူရယ်လာနဲ့ တောင်ပံကစားသမား နာဘရီတို့ကို ပစ်မှတ်ထားလို့နေပါတယ်။