ဘရာဇီး နည်းပြ တီတီကတော့ ဘရာဇီး တိုက်စစ်မှူး နေမာထက် ပို ကောင်းတဲ့ ကစားသမားက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုပဲ ရှိပြီး နေမာရဲ့ အဆင့်ကို ဟာဇက်၊ ဂရစ်စမန်း နဲ့ ပေါ့ဘာတို့ဆီမှာ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ပီက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က အကောင်းဆုံး အချိန်ကို ပိုင်ဆိုင်ခဲ့ပေမဲ့လည်း ဘာစီလိုနာအသင်းအတွက် (၄) နှစ်ကြာ ကစားပြီးတဲ့နောက်မှာ ပီအက်စ်ဂျီ အသင်းကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး ယူရို (၂၂၂) သန်းနဲ့ ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: marca

တိုက်စစ်မှူး နေမာဟာ လီးဂူးဝမ်း ပြိုင်ပွဲက ပီအက်စ်ဂျီအသင်းအတွက် (၃) နှစ်ကြာ ကစားတဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၄၉၀) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၃၁၀) ဂိုး သွင်းယူခဲ့သလို လီးဂူးဝမ်း ဆုဖလား (၂) ကြိမ်အထိ ရရှိနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နေမာဟာ ဘရာဇီး လက်ရွေးစင် အသင်းအတွက် (၁၀) နှစ်ကြာ ကစားတဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ဘရာဇီး နည်းပြ တီတီက နေမာရဲ့ အဆင့်ကို ရီးရဲလ် တိုက်စစ်မှူး ဟာဇက်၊ ဘာစီလိုနာ တိုက်စစ်မှူး ဂရစ်စမန်း နဲ့ မန်ယူ ကွင်းလယ်လူ ပေါ့ဘာတို့ မမှီနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: marca

France Football မှာ ဘရာဇီး နည်းပြ တီတီက “နေမာရဲ့ အကောင်းဆုံး အချိန်က တောင်ပံမှာ စတင်ခဲ့ပြီး တိုက်စစ်မှူး အဖြစ်ကို ရောက်သွားခဲ့တဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ အချိန်ပါ။ အဲဒီအချိန်က ဘရာဇီး လက်ရွေးစင်အသင်းမှာ သူ့ရဲ့ အကောင်းဆုံး အချိန်နဲ့ လာတိုက်နေတယ်။ တောင်ပံ ကစားသမားအနေနဲ့ စတင်ခဲ့ပြီး သူက သူ့ရဲ့ ပွဲစဉ်အပေါ် နားလည်မှု၊ သူ့ရဲ့ လျင်မြန်မှု နဲ့ သူ့ရဲ့ တိုးတတ်မှုကို အသုံးပြုခဲ့ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုကပဲ သူ့ထက် ပိုကောင်းတာပါ။ နေမာက ကျွန်တေ်ာ မြင်ခဲ့ဖူးတဲ့ ဘရာဇီး ကစားသမားတွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်တော် ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နေမာရဲ့ အဆင့်ကို ဟာဇက်၊ ဂရစ်စမန်း နဲ့ ပေါ့ဘာတို့ဆီမှာ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး”လို့ အခိုင်အမာ ပြောဆိုသွားတာ ဖြစ်ပါတယ်။